Nov 30, 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၌ တပ်မတော်မှ ကျွဲ၊ နွားများ၊ အိမ်ထောင်ပရိဘောဂများအပါအဝင် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား ဖြုတ်ယူရောင်းစားနေကြောင်း၊ လျှပ်စစ်မီးကြိုးများ မရှိသလောက်ဖြစ်နေပြီး ကျေးရွာအတွင်း မီးလင်းခြင်း မတွေ့ရတော့ကြောင်း စသည်ဖြင့် ဒေသခံများထံမှသိရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 30, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာရှိ စာသင်ကျောင်းနှင့်ဆေးရုံကို ယနေ့နံနက် ၂ နာရီဝန်းကျင်ခန့်တွင် တပ်မတော်ကလေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားကြောင်း ဒေသခံပြည်သူများက တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Nov 30, 2023
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အံဖလေးကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးကာ ဘုန်းကြီး ၂ ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 30, 2023
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အံဖလေးကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးကာ ဘုန်းကြီး ၂ ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 30, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ
Nov 30, 2023
မြန်မာနိုင်ငံရှိ သူနာပြု၊ သားဖွားများအတွက် အသုံးပြုမည့် CPD စနစ်အား သူနာပြု၊ သားဖွားကိုယ်စားလှယ်များက တည်းဖြတ်အတည်ပြုခြင်း Stakeholders Approval Meeting on CPD Guideline for Nurses and Midwives in Myanmar ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု၊ သားဖွားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 30, 2023
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ “ဘယ်သူမှန်လဲ အပြိုင်ကြဲ” အစီအစဉ်သစ်ကို အပတ်စဉ်တနင်္ဂနွေနေ့ ညနေပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV –HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိရာ ယခုအပတ်တွင် “ရုပ်ရှင်က တိုင်းပြည်ကို အကျိုးပြုတယ်” ၊ “စာပေက တိုင်းပြည်ကို အကျိုးပြုတယ်” ခေါင်းစဉ်ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။
Nov 30, 2023
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များ တိုးမြှင့်တင်ဆက်မှုတွင် “ဟာသမြို့တော်” ရယ်စရာတစ်ခန်းရပ်အစီအစဉ်ကို MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိရာ ယခုအပတ်တွင် “လိုတမရ” ခေါင်းစဉ်ဖြင့် တင်ဆက်ကြမည်ဖြစ်သည်။
Nov 30, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Envelope စာအိတ် ၅၀,၀၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၂၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 30, 2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ခုတင် (၃၀၀) ဆေးရုံကြီးနှင့် လယ်ဝေးခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရီမြို့နယ်စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာန၌ ကျည်တောင် အုပ်စုအတွင်းမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
Nov 30, 2023
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 30, 2023
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 30, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇမ္ဗူသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဒုတိယနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
Nov 30, 2023
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။
Nov 30, 2023
နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Nov 30, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
Nov 30, 2023
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 30, 2023
အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၌ ကျင်းပသည်။
Nov 30, 2023
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
