နေပြည်တော် နိုဝင်ဘာ ၃၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အံဖလေးကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးကာ ဘုန်းကြီး ၂ ပါးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာနှင့်ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှု လုံးဝ(လုံးဝ)ပြုလုပ်မှုမရှိကြောင်း တပ်တွင်းသတင်းများအရသိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းသာဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ အံဖလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သာသနိကအဆောက်အဦအချို့ ပျက်စီးခဲ့ပါသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်အတွက် တပ်မတော်ကို အပြစ်ပုံချကာဒေသခံပြည်သူများ၊ သာသနာနွယ်ဝင် ရဟန်း၊ သံဃာတော်များနှင့် တပ်မတော်သားများ အကြားအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံ သတင်းများရေးသားကာ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေအဆိပ်ခတ်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

 
 
  
  
  
  
 