Nov 29, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 29, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်း ပွဲတော်ကာလအတွင်း မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မီးပုံးပျံလွှတ်တင်ပေးသည့် တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 29, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
Nov 29, 2023
၁၉၇၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာကလေးများနှစ်”အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးခဲ့သည့် တံဆိပ်ခေါင်းဒီဇိုင်းဖြင့် မြန်မာနိုင်ငံမှ “အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို ၁၉၇၉ ခု ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သည်။
Nov 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပေးနေသည့် ကျောက်ဆည်မြို့မှ ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Nov 29, 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ဖျက်သင်္ဘော၊ ဖရီးဂိတ်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးစစ်ရေယာဉ်သုံးစင်းတို့နှင့်အတူ အရာရှိ၊ စစ်သည် ၇၀၀ ခန့်လိုက်ပါလာသည့်အဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 29, 2023
မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါသည်။ MSME များ အားကောင်းမောင်းသန် ဖွံ့ဖြိုးလာစေရန်မှာ လုပ်ငန်းတူရာ အသေးစားစီးပွားရေးလုပ်ငန်းများ အချင်းချင်းပူးပေါင်း၍ လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေအထားအရ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။
Nov 28, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့သည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခဲ့သည်။
Nov 28, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Nov 28, 2023
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 28, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 28, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
