Skip to main content

Nov 30, 2023

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင်လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ၅၂ ဦး၏ လယ်မြေ ၁၃၁ ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ - တရုတ်ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်သုံးစင်းမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်းမှာ ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ သန်လျင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက်လေ့လာခြင်း၊ ညစာစားပွဲ တည်ခင်းဧည့်ခံခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိ သူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံးလွှဲပြောင်းပေးခဲ့မှု ၁၀၁၇၀ ရှိပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော်များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာနေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်နေတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း ပိုမိုရင်းနှီးချစ်ကြည်နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတကာအဆင့် မီးသတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအပါအဝင် ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်-ဟောင်ကောင်၊ မြန်မာ၊ ဩစတြေးလျ၊ မကာအို၊ လူဇင်ဘတ်၊ ဗီယက်နမ်၊ အီကွေဒေါနှင့် ယူကေနိုင်ငံ ၁၃ နိုင်ငံမှ မီးသတ်တပ်ဖွဲ့အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က နိုင်ငံပေါင်းစုံအဖွဲလိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲ၌ ပထမချန်ပီယံဆုနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

နိုင်ငံအတွင်းရှိ ပြည်သူများ၏ အလုပ်လုပ်လိုသည့်စိတ် (Willingness to work) နှင့် အလုပ်လုပ်နိုင် သည့်စွမ်းရည် (Ability to work) တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လွန်စွာအရေးပါသည်ဟု ပညာရှင်များက ဆိုသည်။ အလုပ်လုပ်လိုစိတ်သည် စိတ်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်သည့်စွမ်းရည်မှာမူ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းဖြစ်သည်။ လူတို့တွင် အလုပ်လုပ်နိုင်သည့်စွမ်းရည်များ ပြည့်စုံနေစေကာမူ အလုပ်လုပ်လိုသည့်စိတ်ဓာတ် ကင်းမဲ့နေမည်ဆိုပါက စွမ်းရည်များမှ လက်တွေ့အလုပ်ဖြစ်ပေါ်လာမည်မဟုတ်။ သို့ဖြစ်ရာ လူများအလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်သည်။ အခွင့်အလမ်းများရှိနေသော ပတ်ဝန်းကျင်အခြေအနေများကသာ လူအများကို အလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်သည်ဟုလည်း ပညာရှင်များက ဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ (၁) ရက်မှ (၂၈) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်