Skip to main content

“ဟာသမြို့တော်” ရယ်စရာတစ်ခန်းရပ်အစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်ပြသမည်

နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များ တိုးမြှင့်တင်ဆက်မှုတွင် “ဟာသမြို့တော်” ရယ်စရာတစ်ခန်းရပ်အစီအစဉ်ကို MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိရာ ယခုအပတ်တွင် “လိုတမရ” ခေါင်းစဉ်ဖြင့် တင်ဆက်ကြမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ဟားစတိုင်လ်လူရွှင်တော်အဖွဲ့မှ စတားကောင်းထက်စီစဉ်၍ အကယ်ဒမီ အောင်ခိုင်၊ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန် ၊ ကောင်းဆက်၊ ဦးရာကျော်၊ ဦးတိမ်ညွန့်၊ ဦးရွှေခဲ၊ မတူး၊ ကြယ်စင်လင်းနှင့် ဟာသပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားရာ ယင်းအစီ အစဉ်ကို MRTV-HD Channel မှ ဒီဇင်ဘာ ၂ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ သတင်းအပြီးတွင်လည်း (Replay) ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်