Dec 01, 2023
မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အနေနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တပ်မတော်ရေ) က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့မြန်မာနိုင်ငံက စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်းစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Dec 01, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၁)မှ နယ်မြေ(၁၁)ရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Dec 01, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် နန်ချန်းမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဖိုရမ်သို့တက်ရောက်လာကြသော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျန်းရှီပြည်နယ်အုပ်ချုပ်ရေးမှူး၊ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ကြီးများ၊ ဒုတိဝန်ကြီးများနှင့်အတူ ခေါင်းဆောင်များ အကြိုအစည်းအဝေးသို့ တက်ရောက်ကြသည်။
Dec 01, 2023
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ အထူးအစည်းသို့တက်ရောက်ရန်အတွက် ကောင်စီဝင်ဒေါက်တာ ဇော်သန်းနှင့်အတူ ရန်ကုန်မြို့မှ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဘာလီမြို့သို့ရောက်ရှိကာ အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Dr. Ninik Rahayu နှင့်တွေ့ဆုံ၍ နောက်တစ်နေ့ အစည်းအဝေးအတွက် အကြိုညှိနှိုင်းဆွေးနွေးကြသည်။
Dec 01, 2023
(၈) ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး (8th ASEAN SOMRI Working Group on Information, Media and Training- 8th WG IMT) ကို အင်ဒိုနီးရှားနိုင်ငံ Novotel Hotel တွင် ယနေ့ နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု WG-IMT ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်ဦးဆောင်၍ မြန်မာကိုယ်စားလှယ်များက နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
Dec 01, 2023
အာဆီယံ-တရုတ် စင်တာမှကြီးမှူး၍ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်”အစီအစဉ်ကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Dec 01, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Dec 01, 2023
လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြီး (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကိုနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Dec 01, 2023
မြန်မာနိုင်ငံရှိ သူနာပြုနှင့်သားဖွားများအတွက် အသုံးပြုမည့် အတည်ပြုပြီးသည့် (CPD) စနစ်အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်းအခမ်းအနား (Launching Ceremony: Continuing Professional Development (CPD) Guideline for Nurses and Midwives in Myanmar) ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 01, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Dec 01, 2023
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 01, 2023
မန္တလာတက္ကသိုလ်(၁၁)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ အမရခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူး) များ၊ သုတေသနစာတမ်းဖတ်ကြားမည့် ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများတက် ရောက်ကြသည်။
Dec 01, 2023
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်သောင်းကျန်းမှုများသည် လွတ်လပ်ရေးနှင့်အတူ စတင်ဖြစ်ပေါ်ခဲ့သော သမိုင်းဆိုးမွေဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်တွင် တပ်မတော်က ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများကို စစ်ဆင်ရေးပေါင်းမြောက်မြားစွာဖြင့် ထိရောက်စွာချေမှုန်းနိုင်ခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ အထိနာပြီးနောက် ဝေးလံသောနယ်စွန်နယ်ဖျားဒေသများ၌သာ ရပ်တည်နိုင်ခဲ့သည်။
Dec 01, 2023
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့သည် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကြောင့်ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် သတိပြုမိကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပရာတွင် မြန်မာနိုင်ငံသည်လည်း အိတ်ချ်အိုင် ဗွီ/အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသွားသူများကို သတိတရရှိကြစေရန်၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာ ရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိတ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည်။
Nov 30, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 30, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Nov 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့ ပါသည်။
Nov 30, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 30, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
