နေပြည်တော် နိုဝင်ဘာ ၂၉
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ “ဘယ်သူမှန်လဲ အပြိုင်ကြဲ” အစီအစဉ်သစ်ကို အပတ်စဉ်တနင်္ဂနွေနေ့ ညနေပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV –HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိရာ ယခုအပတ်တွင် “ရုပ်ရှင်က တိုင်းပြည်ကို အကျိုးပြုတယ်” ၊ “စာပေက တိုင်းပြည်ကို အကျိုးပြုတယ်” ခေါင်းစဉ်ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် တင်ဆက်သူ လူငယ်သရုပ်ဆောင် ထူးပြည့်အောင်နှင့်အတူ ကြယ်စင် (လားရှိုး) (စာရေးဆရာမ) နှင့် သရုပ်ဆောင် မေဖြူကြည်သင်းတို့က တက်ရောက်လာကြသည့် လူငယ်များ၏ အားဖြည့်ဆွေးနွေးမှုများဖြင့် အပြန်အလှန်ဆွေးနွေးကြမည်ဖြစ်ရာ ယင်းအစီအစဉ်ကို MRTV–HD Channel မှ ဒီဇင်ဘာ ၃ ရက် (တနင်္ဂနွေနေ့) ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက် (ကြာသပတေးနေ့) ညနေ ၆ နာရီသတင်းအပြီးတွင်လည်း (Replay) ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
