Jan 04, 2021
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံ တော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ အမျိုး သားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 04, 2021
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Jan 04, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့သို့ ယနေ့ နံနက်၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိလာပြီး ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရ ရှေးဟောင်း ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။
Jan 04, 2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မောရဝတီ ပန်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
Jan 04, 2021
(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
Jan 04, 2021
၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံ တင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ ဓညဝတီအားကစား ကွင်း၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။
Jan 04, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဂုဏ်ပြုတပ်ဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကျော်သူနိုင်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်တော်အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကာဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။
Jan 04, 2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင် ကျင်းပခဲ့သည်။
Jan 04, 2021
၂၀၂၁ ခုနှစ်၊ (၇၃) မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်(၇)နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိကျောက်သားရင်ပြင်၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Jan 04, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။