Skip to main content

လွိုင်ကော်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်

လွိုင်ကော်      ဇန်နဝါရီ 

၂၀၂၁ ခုနှစ်၊ (၇၃) မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ရက်နေ့၊ နံနက်()နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိကျောက်သားရင်ပြင်၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့လာသည့်သဝဏ်လွှာအား ပြည်နယ်ခေတ္တဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)