Skip to main content

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကျင်းပ

ဟားခါး ဇန်နဝါရီ

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းကို ပထမဆုံး အကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံခန့်ခွဲရေးကဏ္ဍ၊ လယ်ယာစီးပွားကဏ္ဍ၊ စက်မှုစီးပွားကဏ္ဍ၊ လူမှုရေးကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သူများကို ပဒေ၊ နည်းဥပဒေနှင့်အညီ ပေးအပ်ချီးမြှင့်ရခြင်း ဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများကို ဆုရရှိသူ စုစုပေါင်း (၁၃၃)ဦးချီးမြှင့်ခဲ့ပြီး နောင်နှစ်များတွင် ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် နောင်လာမည့် သားစဉ်မြေးဆက်တိုင်အောင် အမိနိုင်ငံတော်ကြီးနှင့်အတူ ချင်းပြည်နယ် တစ်ခုလုံး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ကြိုးပမ်းအားထုတ်နေကြသည့် အချိန်အခါ သမယတွင် ပြည်ထောင်စုဖွား အခြား တိုင်းရင်းသားများနှင့်အတူ တစ်တပ်တစ်အား လက်တွဲပူးပေါင်း ဆောင်ရွက်စေ လိုကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က စီမံထူးချွန်ဆု(ပထမဆင့်) ရရှိသူများနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်း ကောင်း ဆုလက်မှတ်နှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲက စီမံထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများကို လည်းကောင်း၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များနှင့် တာဝန်ရှိသူများက ကဏ္ဍအသီးသီးတွင် ထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကိုပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများက ဆုများ အသီးသီး လက်ခံခဲ့ကြကြောင်း သိရှိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲတွင် လူမှုထူးချွန်ဆု (ပထမဆင့်)ရရှိသူ()ဦး၊ လူမှုထူးချွန်ဆု(ဒုတိယဆင့်)ရရှိသူ (၁၀)ဦးနှင့် လူမှုထူးချွန်ဆု (တတိယဆင့်)ရရှိသူ (၁၀)ဦး၊ စီမံထူးချွန်ဆု (ပထမဆင့်) ရရှိသူ(၂၁)ဦး၊ စီမံထူးချွန်ဆု(ဒုတိယဆင့်)ရရှိသူ (၂၂)ဦးနှင့် စီမံထူးချွန်ဆု(တတိယဆင့်)ရရှိသူ (၂၈)ဦး၊ စက်မှုစီးပွား ထူးချွန်ဆု(ပထမဆင့်)ရရှိသူ()ဦး၊ စက်မှုစီးပွား ထူးချွန်ဆု(ဒုတိယဆင့်)ရရှိသ ()ဦးနှင့် စက်မှုစီးပွား ထူးချွန်ဆု(တတိယဆင့်)ရရှိသူ ()ဦး၊ လယ်ယာစီးပွားထူးချွန်ဆု (ပထမဆင့်)ရရှိသူ()ဦး၊ လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယဆင့်)ရရှိသူ  ()ဦးနှင့် လယ်ယာ စီးပွား ထူးချွန်ဆု(တတိယဆင့်) ရရှိသူ ()ဦး နှင့် ဝန်ကြီးချုပ်၏ အမှုထမ်းကောင်း လက်မှတ်နှင့် ဆုတံဆိပ် ရရှိသူ()ဦး၊ စုစုပေါင်း (၁၃၃) ဦးကို  ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)