Skip to main content

မန္တလေးမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကျင်းပ

မန္တလေး ဇန်နဝါရီလ  ၄

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအတိုင်း ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အလံတင်ခြင်းအခမ်းအနားကို နံနက် ၄နာရီ ၂၀မိနစ်တွင် ကျင်းပခဲ့ပြီး နံနက် ၇နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သော (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားခဲ့သည်။

အခမ်းအနားကျင်းပရာတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး (၆)ပေကွာနေရာ သတ်မှတ်ပြီး Social Distancing ဖြင့် လိုက်နာဆောင်ရွက်သွားခဲ့ကြောင်း၊ အခမ်းအနား တက်ရောက်သူများ Surgical Mask၊ မျက်နှာအကာ Face Shieldနှင့် လက်အိတ်များမပါရှိပါက ဝေငှပေးခဲ့ကြောင်း၊ အခမ်းအနားကျင်းပသည့် ဝင်ပေါက်နေရာများတွင် အပူချိန်တိုင်းတာခြင်း လုပ်ငန်းများ၊ Hand Gel ဖြင့် လက်ဆေးစေခြင်းများ စသည်ဖြင့် လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်