Skip to main content

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၄

(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံအားကြိုဆိုလွှင့်ထူးခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အကြီးအကဲများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသည့်ဧည်သည်တော်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)