တောင်ကြီး ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဂုဏ်ပြုတပ်ဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကျော်သူနိုင်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်တော်အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကာဂုဏ်ပြု တပ်ဖွဲ့ဝင် များမှ သစ္စာ(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍နံနက်(၇)နာရီတွင် တောင်ကြီးမြို့အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် စစ်ကြောင်းမှူးတို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်အားအလေးပြုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီး သော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များအားအလေးပြုကာ သစ္စာ(၄)ချက်ရွတ်ဆိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်တော်သမ္မတဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ အား ဖတ်ကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)