Feb 15, 2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 15, 2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပသည်။
Feb 15, 2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်တော် များအား စစ်ကိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ် | လှူဒါန်းခြင်းနှင့် ရေစက်ချအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လေးကျွန်းမြေအုဠ်ကျောင်းတိုက်အတွင်း ကျင်းပ ခဲ့ကြောင်း သိရသည်။
Feb 15, 2021
ရန်ကုန် ဖေဖော်ဝါရီ ၁၄ မြန်မာနိုင်ငံ၏ အထင်ကရ သမိုင်းဝင်စေတီတစ်ဆူဖြစ်သော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပေါင်းလောင်းတောင်တန်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်မှုအခြေအနေတစ်ရပ်ကြောင့် ဘုရားဖူး ပြည်သူများအား ယာယီဖူးမြော်ခွင့်ပိတ်ထားရာမှ ယခုအခါ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
Feb 15, 2021
လောကအကျိုးစီးပွားကို မဖောက်မပြန် မှန်ကန်စွာ ဆောင်ကြဉ်းနိုင်စေရန်အတွက် မြတ်စွာ ဘုရားရှင်သည် ကာလာမသုတ်တရားတော်ကို မေတ္တာရှေ့ထား၍ ကောသလတိုင်းသား ကာလာမအမျိုးကောင်းသားတို့အား ဟောကြားတော်မူခဲ့ပါသည်။
Feb 15, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးထိန်းချုပ် ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီး အား အများပြည်သူတို့က ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ လာရောက်ဖူးမြော်ကြည်ညို လျက်ရှိသည်။
Feb 15, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅) နှစ်မြောက် စိန်ရတုအထိမ်း အမှတ်အဖြစ် မြန်မာ့ရုပ်မြင် သံကြား (MRTV) အစီအစဉ်တွင် အင်္ဂလိပ် ဘာသာဖြင့် သတင်းအစီအစဉ် (National News)of coalnya: ထုတ်လွှင့်မည် ဖြစ်သည်။
Feb 15, 2021
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Feb 15, 2021
နေပြည်တော် ဖေဖော်ဝါရီ ၁၄ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြ၁ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ ဒုတိယ အကြိမ်အဖြစ် ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ဇန်နဝါရီ ၉ ရက်တွင် ဆီမီးခုံ ဆိပ်ကမ်းမှ ပင့်ဆောင် ပူဇော်ခဲ့ရာ တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။ ဧည့်သည်တော်များ တက်ရောက် အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ အစိတ်အပိုင်းများ
Feb 15, 2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နှင့် ဗောဓိကမ်းကျေးရွာ ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများ သို့ ဆက်သွယ်ပေးမည့် ချောင်းငယ်မြစ်ကူး ဗောဓိကမ်းတံတား တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၄)က ၂၀၁၈ ခုနှစ် မေ ၁ ရက်နေ့မှစ၍ တာဝန်ယူ တည်ဆောက်လျက်ရှိရာ ယနေ့အချိန် အထိ တံတားတစ်စင်းလုံး၏ ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မတ် ၃၁ ရက်တွင် အပြီးသတ် ပြီးစီး နိုင်မည်ဖြစ်ကြောင်း တံတား တည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။