Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

စစ်ကိုင်း ဖေဖော်ဝါရီ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်တော် များအား စစ်ကိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ် | လှူဒါန်းခြင်းနှင့် ရေစက်ချအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လေးကျွန်းမြေအုဠ်ကျောင်းတိုက်အတွင်း ကျင်းပ ခဲ့ကြောင်း သိရသည်။ လှူဒါန်းပွဲတွင် အုဠ်ကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မပီယာလင်္ကာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုခဲ့ကြသည်။ ထို့နောက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ အလားတူ တိုက်ဝါကြီးကျောင်း ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)