Skip to main content

ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြ၁ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ ဒုတိယ အကြိမ်အဖြစ် ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ဇန်နဝါရီ ၉ ရက်တွင် ဆီမီးခုံ ဆိပ်ကမ်းမှ ပင့်ဆောင် ပူဇော်ခဲ့ရာ တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။ ဧည့်သည်တော်များ တက်ရောက် အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် သံဃ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ သံပြိုင် ညီညာစွာ ရွတ်ဆို ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော သံဃာတော်အရှင် သူမြတ်တို့က မေတ္တာပို့ ဂါထာတော် များကို ရွတ်ဆိုပူဇော်၍ မေတ္တာ ပြုတော်မူသည်။ ထို့နောက် ဘုရ ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ် အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး။ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မေတ္တာပို့ လင်္ကာများကို သံပြိုင် ညီညာစွာ ရွတ်ဆို ပူဇော်ကြသည်။ ဆက်လက်ပင့်ဆောင်ကြ ဆက်လက်၍ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ဒက္ခိဏသီရိ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဆောင်၍ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြပြီး (အပေါ်ပုံ) ဇယမင်္ဂလာအောင် ဂါထာတော်များကို ရွတ်ဆို ပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်ကြသည်။ ပင့်ဆောင် ပူဇော်သွားမည် ယနေ့ကြိုဆို ပင့်ဆောင်သည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ပလ္လင်တော်အပိုင်း ၁ မှာ အလေးချိန် ၆၅၅ တန် နှင့် အပိုင်း ၄ မှာ အလေးချိန် တန် ၆၇၀ ရှိပြီး ဒုတိယအကြိမ်အဖြစ် ကြိုဆိုပင့်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို ဆက်လက် ပင့်ဆောင် ပူဇော်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်