နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နှင့် ပင်လုံမြို့၊ မွန်ပြည်နယ် သထုံ မြို့နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက်စုစုပေါင်း ကိုးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နှင့် ပင်လုံမြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့ တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၂၄ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ အလိုက်တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။
၎င်းအပြင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့တို့၌ တပ်မတော်မှဆေးအဖွဲ့ များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်