ရန်ကုန် မေ ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အမှတ်(၁) အဆန်ရထားကို ယနေ့ (မေ ၆ ရက်) နံနက် ၈ နာရီ မိနစ် ၃၀တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာပြေးဆွဲခဲ့သည်။
ပုံမှန်ပြေးဆွဲပေးသွားမှာမည်
“မြန်မာ့မီးရထားအနေနဲ့ ခရီးဝေးသွားမယ့် ပြည်သူများအဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ ဒီကနေ့ နံနက်မှာပဲ ရန်ကုန်- မန္တလေး အမှတ်(၁) အဆန် စာပို့ရထားကို စတင်ပြေးဆွဲပေးပါတယ်။ ဒီ ခရီးစဉ်မှာက စတင်ပြေးဆွဲတာဆိုတော့ တွဲဆိုင်း အနေနဲ့ကတော့ ရိုးရိုးတွဲဆိုင်းတွေပဲ ပါသေးတယ်။
နောင်ခရီးသည်များလာတာနဲ့ အလျောက် အထက် တန်းတွဲလည်း လိုအပ်ရင် လိုအပ်သလို တိုးချဲ့
နေ့မှာပဲ ခရီးသည်လိုက်ပါမှုက သိပ်မဆိုးပါဘူး။ ဒီခရီးစဉ်ကို မြန်မာ့မီးရထားအနေနဲ့ နေ့စဉ်သတ် မှတ်ထားတဲ့ အချိန်အတိုင်း ပုံမှန်ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြန်လည်ဆိုက်ရောက်
အမှတ် (၁) အဆန်ရထားတွင် ရိုးရိုးတန်း နှစ်တွဲ၊ စာတိုက်တွဲတစ်တွဲ၊ ဘရိတ်တွဲ တစ်တွဲ၊ ကုန်တင်တွဲ သုံးတွဲ၊ ဆီတိုင်ကီ နှစ်တွဲတို့ဖြင့် စတင်ပြေးဆွဲခဲ့သည်။ ခရီးသည်လိုက်ပါစီးနင်းသည့် အခြေအနေ အပေါ်မူတည်ကာ လူစီးအထက်တန်းတွဲများကို လိုအပ်လျှင် ထပ်မံတိုးချဲ့ ချိတ်ဆွဲပေးသွားမည် ဖြစ်သည်။ အဆိုပါ ရန်ကုန်- မန္တလေး အမှတ် (၁) အဆန် စာပို့ရထားကို နေ့စဉ်ရန်ကုန်မြို့မှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ မည်ဖြစ်ပြီး နောက်တစ်နေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့သို့ ဆိုက်ရောက်မည်ဖြစ်သည်။ အလားတူ မန္တလေးမြို့မှ နံနက် ၇ နာရီတွင် မန္တလေးရန်ကုန် အမှတ် (၂) အစုန် စာပို့ရထားအဖြစ် ပြန်လည်ထွက်ခွာမည်ဖြစ်ကာ နောက်တစ်နေ့နံနက် ၅ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက် | မည်ဖြစ်ကြောင်း သိရသည်။
ရပ်နားမည့်ဘူတာစဉ်များ
ရထားစီးခနှုန်းထားများကို ယခင်ကဲ့သို့ ပြောင်းလဲမှုမရှိဘဲ ရန်ကုန်- မန္တလေး ခရီးစဉ်တွင် အစအဆုံး ငွေကျပ် ၃၅၀၀ သတ်မှတ်ပေးထားကာ သတ်မှတ် ကောက်ခံသွားမည်ဖြစ်သည်။ ခရီးစဉ်ကြား ရပ်နားမည့် ဘူတာစဉ်များမှာ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက် တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည် ၊ ဆွာ၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ အေလာ၊ ပျဉ်းမနား၊ နေပြည်တော်၊ ကျည်တောင်ကန်၊ တပ်ကုန်း၊ ရမည်းသင်း၊ ရွှေဒါး၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည်နှင့် မြစ်ငယ်ဘူတာများ၌ သတ်မှတ် အချိန်အတွင်း ခရီးသည်နှင့် ကုန်စည်များကို တင်/ချ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်စိန်လွင် (မြန်မာ့အလင်း)