May 05, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထာလမ်းရှိ ပိုင်ကြီး ဆိုင်ကယ် ပြုပြင်ရေးဆိုင်၌ စွမ်းခန့်သူ(ဘ)ဦးသန်းဇော်မျိုး သည် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာနေ အောင်ပိုင်(ခ)အေးမင်းပိုင်(ဘ)ဦးစိုးအေး နှင့်အတူ အရက်သောက်စား မူးယစ်ကာ စကားများရန်ဖြစ်ကြစဉ် စွမ်းခန့်သူ က ဆိုင်ကယ်ပြင်ဆိုင်အမိုးတွင် ထိုးထားသော အရိုးအသွား ၁၀ လက်မခန့်ရှိ စကေဘာဓားဖြင့် ထိုးခဲ့ရာ အောင်ပိုင်(ခ) အေးမင်းပိုင် သည် ရင်ဘတ်ထိုးသွင်းဒဏ်ရာကြောင့် သေဆုံး ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၂) အရ မေ ၃ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
May 05, 2021
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းအား မေလ ၃ ရက်နေ့တွင် လက်နက်ကိုင် သောင်းကျန်းသူများကမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး ခဲ့ကြောင်း သိရသည်။
May 05, 2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ မေလ ၃ ရက်နေ့တွင် အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး NLD ပါတီဝင် လွှတ်တော် ကိုယ်စား လှယ်ဟောင်း အပါအဝင် အမျိုးသား ၅ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
May 05, 2021
နိုင်ငံတော်အတွင်း နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
May 05, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။
May 05, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက် ထားပြီးဖြစ်ပါသည်။
May 05, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းမြင့်(ဘ)ဦးမောင်တဲ၏ နေအိမ်သို့ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သူလူတစ်စုက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး နေအိမ် အတွင်းရှိသူများအား တစ်လုံးထိုးလုပ်သေနတ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
May 05, 2021
နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် ပညာရေး ဝန်ထမ်း များအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှား မှုများ တွင် ပါဝင် လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။
May 05, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘော ဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။