Skip to main content

Apr 26, 2021

ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် ဆူပူမှု၊ အကြမ်းဖက် သောင်းကျန်းမှု၊ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများဆီအထိ အဆင့်ဆင့် ကူးပြောင်းခဲ့ပြီး လက်ရှိအခြေအနေတွင်မူ လက်လုပ်ဗုံးများ၊ မီးပုလင်းများဖြင့် နှောင့်ယှက်ပစ်ခတ်မှု၊ အစိုးရပိုင်၊ အများပြည်သူပိုင် လမ်းတံတား၊ အဆောက်အအုံများကို မီးရှို့မှုတို့ကိုသာ နေရာဒေသအချို့၌ ပြုလုပ်နေကြသည်ကို သတင်းများအရ သိကြရသည်။ နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ပုံမှန်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာနေပြီး အေးချမ်းသာယာမှုကို မလိုလား သည့် အုပ်စုတို့၏ ထုံးပိုင်း ့ပိုင်း လှုပ်ရှားမှုတို့သာ ရှိနေသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော ရေခံမြေခံကောင်းရှိသည့် ရှမ်းပြည်နယ်တွင် စားနပ် ရိက္ခာ ဖူလုံပိုလျှံစေပြီး ဒေသနေပြည်သူများ လူနေမှုအဆင့်အတန်း သိသာစွာ ပြောင်းလဲ တိုးတက်လာစေရေး၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုတွင် ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေး နှင့် ကုန်ကြမ်းတင်ပို့ရောင်းချမှုမှ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိရန်အတွက် အဓိကလိုအပ်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို စနစ်တကျ သင်ယူတတ်မြောက်စေရန် စီမံ ဆောင်ရွက်ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ (၂၃)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည်(Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက် အထိ သတ်မှတ်ခွင့်ပြုထားပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ သင်ကြားရေး ဆရာဆရာမများ အားလုံးနှင့် စီမံဝန်ထမ်းများ အားလုံးအနေဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက် နောက်ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ အင်ပြည့်အားပြည့် မပျက်မကွက် ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် နှိုးဆော်တိုက်တွန်း ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း၊ လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းများ၊ ပရဟိတဂေဟာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း နှင့်အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့တွင်းလမ်းများ၏ အခြေအနေကို လိုက်လံစစ်ဆေးပြီး ကျိုင်းတုံမြို့၊ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း ၊ ရေချမ်း ၊ ဆီမီး နှင့်ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ကာ ဘက်စုံအလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် နှစ်လက်မအရွယ် ငါးသားပေါက်များ မြစ်ချောင်း၊ အင်းအိုင်များတွင် တိုးချဲ့ထည့်သွင်းမွေးမြူရန် ငါးသားပေါက်များ တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် မွေးမြူထုတ်လုပ်သော ငါးများကို ဥရောပ (၂၆) နိုင်ငံမှ ဝယ်ယူစားသုံးလျက်ရှိသဖြင့် ပြည်ပဝင်ငွေ  တိုးတက်ရရှိရေးအတွက် ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAqP)ဖြင့် မွေးမြူသော ငါးကန်များ ပိုမိုများပြားလာစေရန် စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား မြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းသို့ သွားရောက်  စစ်ဆေးစဉ် ပြောကြားသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် နှစ်လက်မအရွယ် ငါးသားပေါက်များ မြစ်ချောင်း၊ အင်းအိုင်များတွင် တိုးချဲ့ထည့်သွင်းမွေးမြူရန် ငါးသားပေါက်များ တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် မွေးမြူထုတ်လုပ်သော ငါးများကို ဥရောပ (၂၆) နိုင်ငံမှ ဝယ်ယူစားသုံးလျက်ရှိသဖြင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေးအတွက် ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAqP)ဖြင့် မွေးမြူသော ငါးကန်များ ပိုမိုများပြားလာစေရန် စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား မြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းသို့ သွားရောက် စစ်ဆေးစဉ် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အတူ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဗျူဟာမြောက်စီမံကိန်းဖြင့် ဆောင်ရွက်သည့် နောင်ငင်းဝမ်ဆိုင်း (လွယ်) လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်