နေပြည်တော် ဧပြီ ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အတူ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဗျူဟာမြောက်စီမံကိန်းဖြင့် ဆောင်ရွက်သည့် နောင်ငင်းဝမ်ဆိုင်း (လွယ်) လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် လမ်းစခန်းရှင်း လင်းဆောင်တွင် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းမှူးတို့အား ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းရှိန်က နောင်ငင်း-ဝမ်ဆိုင်း (လွယ်) လမ်းကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို မြေပုံကားချပ်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော် က ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။
ကြည့်ရှုစစ်ဆေး
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက် လမ်း၊ တံတားများ ကောင်းမွန်ရန် လိုပါကြောင်း၊ ကွန်ကရစ်ခင်းရာ တွင် သတ်မှတ်အရည်အသွေး ပြည့်မီရန် လိုအပ်ပါကြောင်း၊ ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ် သည့်နေရာများတွင် Guard Post တိုင်များ၊ Guard Rail များ တပ်ဆင်ပေးရန် မှာကြားပြီး ကွန်ကရစ်ခင်းပြီး လမ်းအပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
နောင်ငင်း-ဝမ်ဆိုင်း (လွယ်) ကွန်ကရစ်လမ်းသည် လမ်းအဆင့် class A အမျိုးအစားတွင်ပါဝင်ပြီး ကွန်ကရစ်လမ်း (၄)မိုင်၊ မြေသား လမ်း (၃)မိုင် (၆) ဖာလုံ စုစုပေါင်း အရှည် (၇)မိုင် (၆)ဖာလုံရှိပြီး အဆိုပါလမ်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာ (၁၇) ရွာ၊ အိမ်ခြေ (၉၂၇) အိမ်နှင့် လူဦးရေ (၅၀၀၀)ကျော်ကို အကျိုးပြုမည်ဖြစ်သလို ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ အတွက် အကျိုးရှိမည့်လမ်း တစ်လမ်းဖြစ်ကြောင်း သိရ သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ကျိုင်းတုံ မြို့ရှောင်လမ်းဆောင် ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်း က မိတ္ထီလာ- တောင်ကြီး ကျိုင်းတုံ - တာချီလိတ် လမ်း ကြောင်းပေါ်ရှိ ကျိုင်းတုံမြို့ရှောင် လမ်း အရှည်(၁၀) ကီလိုမီတာ၊ အကျယ် (၇)မီတာကို ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် သည့်လုပ်ငန်း အစီအမံများ၊ လက်ရှိ ဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြရာ လမ်းဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးလှထွန်းဦး က ရန်ပုံငွေလျာထားမှုနှင့် ပတ်သက် ၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူး တို့က ယခုမြို့ရှောင်လမ်း ဆောင် ရွက်ခြင်းသည် မြို့တွင်းယာဉ် ကြောပိတ်ဆို့မှုကို တစ်ဖက် တစ်လမ်းက ဖြေရှင်းပေးနိုင်ရန် နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် များစွာအထောက်အကူ ပြုမည်ဖြစ်သကဲ့သို့ ပတ်ဝန်းကျင် ရှိ ကျေးရွာများနှင့် ဆက်စပ် ဒေသလည်း အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း လမ်းသစ်ဖောက်လုပ်ရာ၌ လမ်း အင်္ဂါရပ်နှင့်အညီ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရန် လိုကြောင်း၊ လမ်းညွှန် အမှတ်အသားများနှင့် လမ်းဘေး ရေနုတ်မြောင်းများ၊ စနစ်တကျ ထည့်သွင်းဆောင် ရွက်ရန်တို့ကို မှာကြားပြီး ကတ္တရာ ကွန်ကရစ်(AC)ခင်းပြီး အပိုင်းနှင့် လမ်းဘေး ကွန်ကရစ် ရေမြောင်း ဆောင်ရွက်ထားရှိမှု၊ စက်ယန္တရားများဖြင့် လမ်းချဲ့ ခြင်း၊ လမ်းအနိမ့်အမြင့် ဖြေညှိ ခြင်း၊ ရေထုတ်ပြွန်များ ဆောင် ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
အထူးဂရုပြု ဆောင်ရွက်
ဆက်လက်၍ လမ်းစခန်း ရှင်းလင်းဆောင်တွင် တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂)မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန့်ဇင်က ကျိုင်းတုံမြို့ရှောင် လမ်းပေါ်တွင် တံတားများ ဆောင်ရွက်ထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို မြေပုံကားချပ် ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေလမ်း ကြောင်းအခြေအနေ၊ ရေဝင်/ ရေထွက်အခြေအနေတို့ကို စနစ် တကျ တွက်ချက်စစ်ဆေးပြီး ဆောင်ရွက်ရန်၊ လမ်းသစ်ဖောက် လုပ်ခြင်းဖြစ်၍ တံတားများ တည်ဆောက်ရာတွင် အရည် အသွေးကောင်းမွန်ရေး အထူးဂရု ပြု ဆောင်ရွက်ရန် မှာကြားပြီး -တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် စက်ယန္တရားဖြင့် လမ်းချဲ့ခြင်း၊ အတက်အဆင်း မတ်စောက်သည့် တောင်ကြောများကို လမ်းအနိမ့် အမြင့်ဖြေညှိခြင်း၊ လက်ရှိဆောင် ရွက်နေသည့် လမ်းအခြေအနေနှင့် လျာထား လမ်းအူကြောင်းသစ် အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြား ခဲ့ကြောင်း သိရသည်။
သတင်စဉ်