Apr 23, 2021
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအား ဦးဆောင်ပြုလုပ်ခဲ့သူများနှင့် နိုင်ငံတော် ဆန့်ကျင်စာသားပါ ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲဆန္ဒ ဖော်ထုတ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
Apr 23, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုလာမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ပြုလုပ်သူနှင့် လက်ဝယ်ထားရှိသူများအား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။
Apr 23, 2021
တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဆူပူဆန္ဒပြသူ များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာအတွင်းရှိ လမ်းများပေါ်၌ သဲအိတ်များ၊ ကွန်ကရစ် တုံးများ၊ အတားအဆီးများ၊ သစ်ချောင်းများဖြင့် ပိတ်ဆို့ထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အတားအဆီး များအား ရှင်းလင်း ခြင်းများ ဆောင်ရွက်ကြ သည်။
Apr 23, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ် တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှု ကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံထုတ်ပြန် အပ်ပါသည်။
Apr 22, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Apr 22, 2021
မတရားအသင်းအဖြစ် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရကို အဖွဲ့ဝင် (၁၄)ဦးဖြင့် တရားမဝင်ဖွဲ့စည်းခဲ့ကြောင်းနှင့် ဒုတိယဝန်ကြီး (၁၂)ဦးကိုလည်း တရားမဝင် ခန့်အပ် ခဲ့ကြောင်း တွေ့ရှိရသည်။
Apr 22, 2021
(၂၁-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၅၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃) ဦး တွေ့ရှိ ရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၆၃,၅၀၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၁၄၂,၆၈၇) ဦး ရှိပြီ ဖြစ်ပါသည်။
Apr 22, 2021
မြန်မာနိုင်ငံအနေဖြင့် ပိုးသတ်ဆေး၊ မြေဩဇာ၊ မျိုးစေ့များ ထပ်မံ တင်သွင်း ဖြန့်ဖြူး နိုင်သော အလားအလာ နှင့် အခွင့် အလမ်းများ များစွာရှိနေသည့် အားသာချက်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် အရည် အသွေး ကောင်းပြီး၊ ဈေးနှုန်းသင့်တင့်သော စိုက်ပျိုးရေးသွင်း အားစုများ ရရှိသုံးစွဲနိုင်ရေးကို အလေးထားပြီး စိုက်ပျိုး ရေး သွင်းအားစုများ စီးပွားဖြစ်ဆောင်ရွက် နေကြသည့် ကုမ္ပဏီများအတွက်လည်း မျှတသော အကျိုး အမြတ်ရရှိရန် ဖန်တီးဖော်ဆောင် နိုင်မှသာ ရေရှည်တည်တံ့သည့် စီးပွားရေး ကွင်းဆက်တစ်ခုကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Apr 22, 2021
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဥပ္ပါတသန္တိစေတီ တော်လှိုဏ်အတွင်း၌ ကျင်းပသည်။