Apr 27, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်း များ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
Apr 27, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင်CDM လှုပ်ရှားမှု များတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရား အသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
Apr 27, 2021
ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို ယနေ့တွင် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး ကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံးမော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
Apr 27, 2021
မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Apr 27, 2021
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ မီးရထား ပုဗ္ဗသီရိမြို့နယ်ရန်ကုန်-မန္တလေးလမ်းပိုင်း ကျည်တောင်ကန်ဘူတာနှင့် ဖြုတ်ခွဲဘူတာအကြား မိုင်တိုင်အမှတ် ၂၃၇/၀-၁ အကြားရှိ တံတားအမှတ် (၄၂၀) အစုန်လမ်း ပေ ၂၀ ကွန်ကရစ်တံတားအောက် မန္တလေးဘက်ခြမ်း တံတားနံရံ ရေထွက်ပေါက်၌ အလျား ၁၅ လက်မ၊ အချင်း ၅ လက်မခန့်ရှိ မီးသတ်ဆေးဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းကို ဧပြီ ၂၅ ရက် နံနက် ၆ နာရီ ၅ မိနစ်တွင် နယ်မြေ လုံခြုံရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရ၍ ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှတိုင်းတာဝန်ခံနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။
Apr 27, 2021
ဆူပူအကြမ်းဖက်သူလူစု အုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များကို မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2021
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ ကျွဲခြံကျေးရွာ မုတ္တမတောင်တန်းပေါ်၌ တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်မမကြီးစေတီတော်မြတ်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပေါင်မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသာမိအမှူးပြု သော သံဃာတော်များနှင့်သာသနာ့နွယ်ဝင် သီလရှင် များ ကြွရောက် တော်မူကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Apr 27, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက် ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။
Apr 27, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၏ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့နံနက် ၁ဝနာရီတွင် ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။