Apr 26, 2021
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 26, 2021
မြန်မာအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် အားကစားကွင်း / အားကစားရုံများ တည်ဆောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Apr 26, 2021
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို ဖြည့် ဆည်းနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူအားလုံးတို့က စွမ်းအားပြည့် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Apr 26, 2021
ပျဉ်းမနားမြို့ရှိ ဆုတောင်းပြည့်စေတီတော်၊ ဆုတောင်းရစေတီတော်များ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။
Apr 26, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဧပြီ (၂၅) ရက် နံနက်ပိုင်းတွင် တာချီလိတ် - မိုင်းဆတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး လမ်းစခန်းရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလင်း က မိုင်းဆတ် - တာချီလိတ်လမ်း (0.0 Km မှ 97.76 Km အတွင်း) ကွန်ကရစ်လမ်း 13.09 Km၊ ကတ္တရာလမ်း 11.30 Km၊ ကျောက်လမ်း 52.818 Km၊ အမာခံလမ်း 15.96 Km ၊ မြေလမ်း 4.525 Km ၊ စုစုပေါင်း 97.76 Km အား ဘဏ္ဍာရေး နှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံကားချပ်ဖြင့် တင်ပြသည်။
Apr 26, 2021
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။
Apr 26, 2021
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခဈေး၊ ဒက္ခိဏသီရိဈေး နှင့် ပုဗ္ဗသီရိဈေးတို့ရှိ ညဈေးတန်းများအား ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်များဖြင့် ပြန်လည်စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။
Apr 26, 2021
ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထု အချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက် ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင် လျက်ရှိသည်။
Apr 26, 2021
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာစက်မှုဇုန် (၃)ရှိ ရွှေမ် ဆိပ်ကမ်းတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း တာဝန်ကျများက သက်ဆိုင်ရာ ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ဆန်တင်ပို့မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။