Skip to main content

ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဧပြီ ၂၆ ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို ယနေ့တွင် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး ကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံးမော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတပ်မြို့နှင့် ပခုက္ကူမြို့အကြား လမ်းကြောင်းလုံခြုံရေးဆောင်ရွက် နိုင်ရန်အတွက် ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် ဂေါက်ကွင်းအနီးအရောက်တွင် ဆူပူ အကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်တို့ဖြင့် လမ်း ဘေးဝဲ၊ ယာမှ အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်၍ မင်းတပ်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် အရှေ့ပြင်ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် အကြမ်း ဖက်သူများက ထပ်မံပိတ်ဆို့ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်ပြီး ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ မိနစ် ၄၀ တွင် မင်းတပ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဆူပူအကြမ်းဖက်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကာ သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ သုံးမော်တော်ယာဉ် တစ်စီးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်