နေပြည်တော် ဧပြီ ၆
ဆူပူအကြမ်းဖက်သူလူစု အုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များကို မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ် ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူး ရုံးရှေ့သို့ ဆူပူအကြမ်းဖက်သူက အသံဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ပညာရေးမှူးရုံး မျက်နှာစာရှိ လေကာမှန် ၆ ချပ် ကွဲအက်ပျက်စီးနေသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
လက်လုပ်ဗုံး ၇ လုံး တွေ့ရှိ
အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ် မံစီမြို့နယ် ကုန်းတိန်ကျေးရွာ နှင့် မန်ဝိန်းလေးကျေးရွာကြား ဗန်မော်-မန္တလေး ကားလမ်းဘေး မိုင်တိုင်အမှတ် (၂/၂၈၅) ရှိ ကုန်းတိန် ရွှေညောင်ပင်ဘုန်းကြီးကျောင်းအနီး လက်လုပ်ဗုံး ၇လုံး တွေ့ရှိခဲ့ရာ အဆိုပါ လက်လုပ်ဗုံးများအနက် ၁ လုံးမှာ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၆ လုံးကို ဖျက်ဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရွှေဘိုစု ရပ်ကွက် ဓာတ်တော်ချိုင့်သွား လမ်းရှိ ဓာတ်တိုင်အောက်၌ မသင်္ကာဖွယ် ကျောပိုးအိတ် ၁ လုံး အတွင်းမှ ကော်ပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်ဗုံး ၁ လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့သည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရေးမြို့နယ် အဘော်ကျေးရွာနေ ကိုသန်းထိုက် (၄၄နှစ်) (ဘ) ဦးအောင်စိန်နေအိမ် ခြံဝင်းအတွင်းသို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်ပစ်ဗုံး များဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ၎င်း၏နေအိမ်ခြံဝင်း အတွင်းမှ လက်ပစ်ဗုံး ၁ လုံးနှင့် လက်လုပ်ဗုံး ၂ လုံးတို့ကို တွေ့ရှိ ရသဖြင့် သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့သည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်၂၉လမ်းထောင့်ရှိ ရေဘားအဖွင့်အပိတ် ခလုတ်ရှိသည့် ချိုင့်အတွင်း၌ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်၍ အဆိုပါ လက်ပစ်ဗုံးကို သက်မဲ့ပြုလုပ် ကာ သိမ်းဆည်းခဲ့သည်။
လူထိခိုက်ဒဏ်ရာရရှိမှု မရှိ
အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ နဝင်းရပ်ကွက်ရှိ ပြည်တက္ကသိုလ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူ အမျိုးသား ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး တက္ကသိုလ် ပင်မဂိတ်အနီးသို့ လက်လုပ်ဗုံး ၂လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွား ခဲ့ရာ အဆိုပါလက်လုပ်ဗုံးများမှာ ပင်မဂိတ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များ နားနေဆောင်အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် အဆိုပါအဆောင် အမိုး အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ ညနေ ၃ နာရီ ၄၅ မိနစ်တွင် လှိုင်သာယာ အနောက်ပိုင်းမြို့နယ် (၁၉) ရပ်ကွက် ဦးဘဝင်းလမ်းဘေးရှိ ရေမြောင်းအဖုံးပေါ်၌ အရှည် ၄ လက်မခန့်ရှိ PVC ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၂ လုံးကို တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့သည်။
အလားတူ ညနေ ၅ နာရီ တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စိန်ပန်း ရပ်ကွက် ၄၁ လမ်းနှင့် ၉၁ လမ်းထောင့်ရှိ အမှတ်(၂၄) အခြေခံ ပညာအထက်တန်းကျောင်းကို ၄၁လမ်းအတိုင်း အရှေ့မှအနောက် သို့ အကြမ်းဖက်သူ အမျိုးသား ၁ဦးမောင်းနှင်လာသည့်ဆိုင်ကယ် ၁စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ကျောင်း ခြံစည်းရိုးအပြင်ဘက် အုတ်နံရံ ကို ထိမှန်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် ပေါက်တောဝရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်မှုအဖွဲ့ရုံးရှေ့ ဘုရင့်နောင် လမ်းမကြီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ပေါက်ကွဲသည့်နေရာ၌ အလျား ၃ လက်မခန့်ရှိ PVC ပိုက်အပိုင်းအစ ၁ခု၊ အုတ်ရိုက်သံချောင်း ၂ဝ ခန့်၊ သံဘောစေ့ ၂၅ လုံးခန့်အားတွေ့ရှိ သိမ်းဆည်းခဲ့ပြီး လူနှင့်အဆောက် အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီခွဲ တွင် အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ၇၃ လမ်း နှင့် ၉ လမ်းထောင့်ရှိ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ရုံးကို ၇၃ လမ်းဘက်မှ ၇၂ လမ်းဘက်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ လွှတ်တော်ရုံး ခြံစည်းရိုးအုတ်နံရံ အပြင်ဘက် ထိမှန်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု မရှိကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက သင်္ဃန်းကျွန်းမြို့နယ် အတွင်း လှည့်ကင်းဆောင်ရွက် စဉ် ကျိုက္ကဆံနောက်ရပ်ကွက် သုမင်္ဂလာလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေးဘဏ် ဝန်းကျင်သို့ ရောက်ရှိစဉ် ဘဏ်၏ယာဘက်ရှိညောင်ပင်အောက်၌ CMP တံဆိပ် ပါ၁ ဂါလန်ဆုံ အိမ်သုတ်ဆေးပုံး အတွင်းမှ ကီးပတ်ဖုန်းနှင့် ဝိုင်ယာ ကြိုးများ ချိတ်ဆက်ထားသည့် လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖယ်ရှားရှင်းလင်း အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင် အဆိုပါဘဏ်နှင့် ကိုက် ၅၀ ခန့်အကွာရှိ ဇာလီ ပရိယတ္တိ စာသင်တိုက်ဝင်ပေါက် အနီး၌ ခေါက်ဆွဲခြောက် စက္ကူဘူး ခွံအတွင်းထည့်ထားသော အလျား ၁ ပေ၊ အနံ ၈ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ လေးထောင့် အဖြူ ရောင်ကော်ပုံ၁ ခုအတွင်း၌ ပုလဲ ဓာတ်မြေဩဇာ၊ ဒီဇယ်၊ ကီးပတ် ဖုန်း ၁ လုံး၊ ဓာတ်ခဲ ၂ လုံး၊ မီးသီး ၁ လုံး၊ ပလပ်ခုံ ၁ ခုတို့ဖြင့် ချိတ် ဆက်ပြုလုပ်ထားသော လက်လုပ် ဗုံး ၁လုံးကို စစ်ဆေးတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ် ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။
အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အခြေပြုလျက်ရှိ သည့် ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက် ဗားကရာလမ်းရှိ အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်းဝင်းအတွင်းသို့ ဗားကရာလမ်းအတိုင်း အရှေ့ ဘက်မှ ကမ်းနားလမ်းဘက်သို့ မောင်းနှင်လာသည့် Toyota Wish အဖြူရောင်ယာဉ်(စိစစ်ဆဲ)သည် ဗားကရာလမ်းနှင့် ဗိုလ်သူရလမ်း ထောင့်ရှိ AGD ဘဏ် ATM စက် အကျော်၌ ရပ်တန့်ကာ အကြမ်း ဖက်သူအမျိုးသား ၂ ဦးမှ အဆိုပါ ယာဉ်ပေါ်မှဆင်းလာပြီး အမျိုးသား ၁ ဦးက ညောင်ပင်ကို အကာ အကွယ်ပြု၍ လက်လုပ်ဗုံး ၃ လုံး ဖြင့် ပစ်ပေါက်ထွက်ပြေးသွား သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကမ်းနား လမ်းဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်းနှင့် လက်လုပ်ဗုံး ဖြင့် ပစ်ပေါက်မှုကြောင့် ကျောင်း ဝင်းအုတ်နံရံနှင့် မြဝတ်မှုံ နှစ်ထပ် စာသင်ဆောင်ကြား၌ လက်လုပ် ဗုံး၃လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
သိမ်းဆည်း
အလားတူ ည ၇ နာရီ ၁၀ မိနစ်တွင် အမရပူရမြို့နယ် မြို့ပြင် ကြီးကျေးရွာနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်သိမ့်သိမ့်စိုး (၅၁နှစ်) (ဘ) ဦးဝင်းမောင်၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၆ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ နေအိမ် ရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှု မရှိကြောင်းနှင့် အဆိုပါလက်ပစ် ဗုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ မိနစ် ၂၀ တွင် သထုံမြို့ သိမ်ကုန်း ရပ်ကွက် ရွှေစာရံဘုရားရင်ပြင် သာသနာ့ဗိမာန်ရှေ့သို့ မင်းလမ်း အတိုင်း တောင်ဘက်မှ ရွှေစာရံ ဘုရားရင်ပြင်ဘက်သို့ ဆိုင်ကယ် ၁ စီး စီးနင်းလာသည့် အကြမ်း ဖက်သူအမျိုးသား ၂ဦးကလက်လုပ် ဗုံးဖြင့် ပစ်ပေါက်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ထိခိုက်မှု မရှိကြောင်း သိရသည်။
အလားတူ ည ၇ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းရပ်ကွက်ကန်ဖျား လမ်းမကြီးဘေးရှိ ခရိုင်စိုက်ပျိုးရေး အိမ်ရာ ဆိုင်းဘုတ်အနီးတွင် လည်းကောင်း၊ ည ၈ နာရီ တွင် ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက် သစ်တောရုံးလမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ် ပေးရေးရုံးဆိုင်းဘုတ်ရှေ့ လမ်းပေါ်တွင်လည်းကောင်း၊ ည ၈ နာရီ ( ၁၅ မိနစ်တွင် အာဇာနည်လမ်း နှင့် သစ်တောရုံးလမ်းထောင့်ရှိ ဝန်ထမ်းအိမ်ရာ အနီးတို့တွင် လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများ၌ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံထိခိုက်ဒဏ်ရာရရှိ မှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။
လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်
အလားတူ ည ၇ နာရီ ၅၈ မိနစ်ခန့်တွင် သထုံမြို့ သိမ်ကုန်းရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ရုံးအနီး၌ လည်းကောင်း၊ ည (၈ နာရီတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့ နယ် ကျည်တောင်ကန် (၁) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့ရုံး၌ လည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပကျစ်ရပ်ကွက် “ပြည်သူ့ ဆေးရုံကြီး” အနောက်ဘက်လမ်းပေါ်၌ လည်းကောင်း၊ ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်ဆင်မွှေး ကျေးရွာရှိ ဦးသန်းထွန်းနိုင် (စိစစ် ဆဲ) ပိုင် ဖွင့်လှစ်ထားခြင်းမရှိသည့် “ဟေဝန်နန်း” င်၌ လည်းကောင်း၊ ည ၈ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ( အမှတ် (၁၀)ရပ်ကွက် သရက်ခြံ ရပ်ရှိ ခရိုင်ပညာရေးမှူးရုံးကို လည်းကောင်း ဆူပူအကြမ်း ဖက်သူများက လက်လုပ်ဗုံး များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများအနီး၌ ပေါက်ကွဲ ထားသည့် လက်လုပ်ဗုံးအပိုင်းအစ များနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများအား တွေ့ရှိခဲ့ သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှု များကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု မရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၅ နာရီ ၃၅ မိနစ်တွင် ကရင် ပြည်နယ် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် စာမျက်နှာ ၂၈ သို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးစည်လှိုင် (ခ) စိန်ထွန်း၏ နေအိမ်သို့ အကြမ်းဖက်သူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါ လက်ပစ် ဗုံးမှာ နေအိမ်ခြံဝင်းအတွင်းရှိ ကားများရပ်တန့် ထားသောနေရာဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ရပ်တန့်ထားသော Voxy ယာဉ် ၏ ဝဲဘက်ရှေ့ဘီးပေါက်ကာ ယာဉ်၏ ဝဲဘက်ခြမ်းတွင် အပေါက်၉ ပေါက် ထိမှန်ပျက်စီး ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွား သည့်နေရာမှ လက်ပစ်ဗုံး လီဘာတံ ၁ ခု၊ မောင်းတုံးအပိုင်းအစနှင့် ပေါက်ကွဲထားသည့် လက်ပစ်ဗုံးကိုယ်ထည် သတ္တုအပိုင်းအစ ၄ ခုတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၅) ရပ်ကွက် ဗဟိုလမ်းရှိ မဟာဝံသ ဓမ္မရက္ခိတ ပရိယတ္တိစာသင်တိုက်ရှေ့ ရထားသံလမ်းကြား၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာ၌ ပေါက်ကွဲ ထားပြီးဖြစ်သော လက်လုပ်မိုင်း ၁ လုံး၏ အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း သိရသည်။
လက်ပစ်ဗုံးများ တွေ့ရှိ အလားတူ နံနက် ၇ နာရီ မိနစ် ၂၀ တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျား ရပ်ကွက် ကန်ဖျားလမ်းရှိ ခရိုင်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံး အရှေ့ဆင်ဝင်အောက်၌ လည်းကောင်း၊ နံနက် ၇ နာရီ ၃၅ မိနစ်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ တပ်ကုန်း မြို့ ဆရာစံတိုးချဲ့ရပ်ကွက်ရှိ ဆည်မြောင်းနှင့် အရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး ရေစက် ခန်းအတွင်း၌ လည်းကောင်း၊ နံနက် ၁၀နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက် မြိုင်လမ်းရှိ “ကျားမြင့်” ကား ပစ္စည်းဆိုင်ရှေ့ လမ်းလယ်ကျွန်းပေါ်၌ လည်း ကောင်း လက်လုပ်ဗုံး လက်ပစ်ဗုံးများကို တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
ကျရောက်ပေါက်ကွဲ အလားတူ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စင်ရပ်ကွက် ၇၁ လမ်း နှင့် ၃၅ လမ်းထောင့်ရှိ ရတနာပုံဘဏ်ရှေ့သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် မောင်းနှင်ရောက်ရှိလာကာ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်မောင်းနှင် ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ ဘဏ်ခြံ စည်းရိုးရှေ့ရှိ ရေမြောင်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ရဲပြန်ကြား