Skip to main content

Apr 28, 2021

CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသဖြင့် အရေးယူခံခဲ့ရသည့် နိုင်ငံဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်း ကောင်းအဖြစ် နိုင်ငံ့တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေး စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းပေါ်ထွက်လာပြီဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် CDM တွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများအနက် အချို့သည် နိုင်ငံ့ -ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အရေးယူခံခဲ့ကြရပြီး ဝန်ထမ်းအချို့မှာမူ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံထားကြရခြင်းဖြစ်သည်။ ၎င်းတို့ ကျူးလွန် ခဲ့သည့် ဥဒေနှင့်ငြိစွန်းသောအပြုအမူများအလိုက် ဥပဒေနှင့်အညီ အရေးယူခံကြရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2021

(၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သော ဒေါ်နီလာကျော် အပေါ် လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

(၂၆-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၇၁,၂၅၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၇၇၈) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ်နေမှုများ ကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2021

၁။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှား စေရန် ဆောင်ရွက်နေကြရသူများ ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်ကြရပါသည်။ နိုင်ငံ့ဝန်ထမ်းများအနက် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူခံခဲ့ရသူများရှိသကဲ့သို့ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှုကြောင့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသူများလည်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်