နေပြည်တော် ဧပြီ ၂၆
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ ကျွဲခြံကျေးရွာ မုတ္တမတောင်တန်းပေါ်၌ တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်မမကြီးစေတီတော်မြတ်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပေါင်မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသာမိအမှူးပြု သော သံဃာတော်များနှင့်သာသနာ့နွယ်ဝင် သီလရှင် များ ကြွရောက် တော်မူကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပေါင်မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သမိုင်းဝင်မမကြီးစေတီ တော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူး တော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များ ထံသို့ ဆက်ကပ် လှူဒါန်းကြပြီး ပေါင်မြို့နယ် သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသာမိထံမှ အနုမောဒနာ တရားနာ ယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာကြသူ များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ တင်လှူ ပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ များကို ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိ ဇယန္တာဗောဓိယာမူလေအစချီ အောင်ဂါထာတော်သည်။
သတင်းစဉ်