Skip to main content

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများ လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဧပြီ ၂၆ မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသ ကြီး သန်လျင်မြို့ မြို့ဟောင်း အလယ်ရပ်ကွက်နေ ဒေါ်ထွေး မြင့်ခိုင် (ခ)မခိုင်၊ ကချင်ပြည်နယ် လွယ်ဂျယ်မြို့ အောင်ချမ်းသာ ရပ်ကွက်နေ ကိုအောင်မင်းသန့် (ခ)အောင်ကြီးနှင့် မဟန်နီမေ (ခ) ဘုတ်ဆုံမတို့က သန်လျင်မြို့ ကန်သာယာရပ်ကွက်နေ မXXXI ၂၀နှစ် ၊ မXXX ၂၅ နှစ်နှင့် မxxx ၊ ၁၈ နှစ် တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုကို လွယ်ဂျယ်နယ်မြေ ရဲစခန်းမှ (ပ) ၂၀/ ၂၀၂၀၊ လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေး ဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဧပြီ ၉ ရက်တွင် ယင်းတရားခံတို့အား လူကုန်ကူးမှုတားဆီးကာကွယ် ရေး ဥပဒေပုဒ်မ၂၄ အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ဝင်းဘိုရွာနေ ကိုကျနူး (မိ)၊ မနာရှီဘို (မိ)၊ မနာလောဘို (တိမ်းရှောင်)နှင့် မအက် စတာ (တိမ်းရှောင်)တို့က တစ်ရွာ တည်းနေ မxxx ၂ ၈ နှစ်ကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုကို ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၃၂၇/၂၀၂၀၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင် တရားရုံးသို့ တရား စွဲတင်ပို့ခဲ့ရာ ဧပြီ ၂၂ ရက်တွင် တရားခံကိုကျနူးနှင့် မနာရှီးဘိုတို့ အားလူကုန်ကူးမှုတားဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ များအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။ သတင်းစဉ်