Skip to main content

နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဧပြီ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၏ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့နံနက် ၁ဝနာရီတွင် ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးရေး တက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့် မေလ ၅ ရက်နေ့တွင် တက္ကသိုလ်/ ဒီဂရီ ကောလိပ်များ၏ ပါရဂူတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်သင်တန်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှုများအား ပြီးစီးအောင် ဆောင်ရွက် ထားရန်လိုကြောင်း၊ အလားတူ ဇွန်လဆန်းတွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို လည်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ရမည်ဖြစ် ကြောင်း၊ မူလကပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ပိုမိုပြည့်စုံကောင်းမွန်အောင် စီမံဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေး များကိုလည်း ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများထိုးနှံပြီးစီးရေး ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ အားကစားပစ္စည်းများ၊ Fitness ပစ္စည်းများ ဖြည့်ဆည်း ပေးထားပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျန်းမာကြံ့ခိုင်အောင် အားကစားတစ်မျိုး ကိုမဖြစ်မနေ ကစားရမည်ဖြစ်သည့်အပြင် မြန်မာ့ ရိုးရာသိုင်းပညာကိုလည်း ထည့်သွင်းသင်ကြား သွားရန် ဖြစ်ပါကြောင်း။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျောင်းများအလိုက် ခွင့်ပြုထားသော တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်ဝ ပြီး အချိန်မီပြီးစီးရန်လိုကြောင်း၊ တည်ဆောက်ပြီး အဆောက်အအုံများ ရေရှည်အသုံးပြုနိုင်အောင် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စနစ်တကျထိန်းသိမ်းအသုံးပြုကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဒေသ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ခေတ္တပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးများက သင်တန်းကျောင်း များ ပြန်လည်ဖွင့် လှစ်ပါက အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို Online စနစ်ဖြင့်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့၌ တက်ရောက်ဆဲ သင်တန်းသား/သင်တန်းသူ၁၅၆ဦး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများတွင် တက်ရောက်ဆဲ သင်တန်း သား/ သင်တန်းသူ ၅၂၉ ဦးတို့အား သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်