Skip to main content

Jul 21, 2021

​​​​​​​ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇသစ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ အသက်ဇီဝိန် တို့ကို နုတ်ယူခြိမ်းခြောက် နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ပြည်သူသန်းပေါင်း နှစ်ရာနီးပါး ရောဂါကူးစက်ခံနေရသည်။ ရောဂါကြောင့် ကမ္ဘာ့ပြည်သူလေးသန်းကျဉ် အသက်ခန္ဓာစွန့်လွှတ်လိုက်ရပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုသည် ယခင်ထက် ၁၀ ရာခိုင်နှုန်းတိုးနေပြီး သေဆုံးသူမှာသုံးရာခိုင်နှုန်းတက်နေသည်။ ပြည်သူအားလုံးမှာ သတိကြီးကြီးထား၍ ရောဂါမကူးစက်အောင် ရှောင်ရှားကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 21, 2021

တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် လတ်တလော အရေးကြီးဆုံး ဆောင်ရွက်ရမည့်အလုပ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ဖြတ်တောက်ထိန်းချုပ်ရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကကိယလှိုင်း ဝင်ရောက်ချိန်မှစ၍ နေ့စဉ်မြင့်တက်လာနေသည့် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ ရာဂဏန်းမှသည် ထောင် ဂဏန်းသို့ ရောက်ရှိလာပြီး ယခုအခါ ငါးထောင်ကျော်အထိ ဖြစ်နေ သည်။ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ယခုထက်ပို၍ များများပြုလုပ် နိုင်လျှင် အတည်ပြုလူနာများ ယခုထက်ပို၍ တွေ့ရှိမည်မှာ အသေ အချာ ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာတွင်အသုံးပြုရန်အတွက် National Strategic Investment Corporation Co.Ltd(NSIC) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း သုံးသောင်းသည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ယနေ့ညပိုင်းတွင် ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက် က ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ Video Conference စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

(၁၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၉၁၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၈၆၀)ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၀၁,၈၃၃)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၄၀,၅၇၀) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

လတ်တလောတွင် နိုင်ငံတစ်ဝန်းလုံးတွင် Covid-19 ရောဂါတတိယလှိုင်း ကူးစက်ဖြစ်ပွားမှု နှုန်းမြင့် တက်လာခြင်းနှင့်အတူကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအရေးပေါ် လိုအပ်မှုမှာလည်း မြင့်တက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များနှင့် ထိထိ ရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ အတည်ပြု လူနာများထားရှိရန် ခုတင် ၁၅၀၀ ပြင်ဆင်လျက်ရှိပြီး ခန်းမအပေါ်ထပ် တွင် ခုတင်၁၇၅ လုံး၊ မြေညီထပ်တွင် ခုတင် ၂၉၇ လုံး၊ မြေအောက်အထပ် တွင် ခုတင် ၁၄၄ လုံးနှင့် ခန်းမဘေးရှိ ကျောက်စိမ်းပြခန်းဆောင် ကိုးခု တွင် ခုတင် ၈၈၄ လုံး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “တာဝန်ကိုယ်စီရှိပါသည်နှင့်အခြားပြဇာတ်များ” စာအုပ်ကို ရောင်းဈေး ကျပ် ၁၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုး တွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိ၍ ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုး များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2021

ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များ က အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်