May 23, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် ပထမဆုံး လုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ၂၀၂၀ပြည့် နှစ်က ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်အနက် ၃၀၆ မြို့နယ်၏ မဲစာရင်းများကို စစ်ဆေးခဲ့သည်။ မဲစာရင်းစစ်ဆေးအဖြေထုတ်ရန် မြို့နယ် ကိုးမြို့နယ်သာကျန်ရှိပြီး မကြာမီတွင် မဲစာရင်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်သည်။
May 23, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေမှာ ဓာတ်ခွဲစစ်ဆေးနိုင်သမျှတွင် တွေ့ရှိရသည့် အရေအတွက်မျှကိုသာ သိခွင့်ရနေကြသည်။ များများစစ်ဆေးနိုင်မှ၊ မြန်မြန် စစ်ဆေးနိုင်မှသာ ပို၍သိနိုင်မည်ဖြစ်သော်လည်း ယင်းသို့ စစ်ဆေးနိုင်သည့်အခြေအနေတွင်မရှိ။ သို့ရာတွင် အများပြည်သူတို့အကြားတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် သဘောထား တို့ကလေးနက်မှုတို့ လျော့ပါးနေကြပြီဖြစ်သည်။ ရုံးတက်ရုံးဆင်းတို့ ပုံမှန်အခြေအနေအတိုင်း ရောက်ရှိနေခြင်း၊ စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင်စားသောက်ခွင့်တို့ရရှိနေခြင်း၊ ကျောင်း များပြန်လည်ဖွင့်လှစ်ခြင်း စသည်တို့နှင့်အတူ ကိုဗစ်-၁၉ ရောဂါသည်ပင် မရှိတော့သယောင် ခံစားလာမိကြသည့်သဘောပင် ဖြစ်သည်။
May 22, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးတို့သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) စက်ရုံဝင်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၁၈)တောင်ရှိ ရွှေတိဂုံစေတီတော်ပုံတူ အောင်မြေ လောကရန်ကင်း စေတီတော်ပန္နက်တင်နှင့် အုတ်မြစ်စီမင်္ဂလာအခန်းအနားသို့ တက်ရောက်၍ မင်္ဂလာပန္နက်တင်ခြင်းနှင့် အုတ်မြစ်စီခြင်း ဆောင်ရွက်ပေးသည်။
May 22, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ၂၀၂၁ ခုနှစ် မိုးရာသီ၌ မကွေးတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မစိုက်ခင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်မည့် စီမံချက်များ အောင်မြင်စေရေးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ထန်းပင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေး၊ ရေရှည်တည်တံ့စေရေးတို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အပြန်အလှန်ပေါင်းစပ်ကူညီရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး သည်။
May 22, 2021
(၂၁-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၂၃၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၁၀,၀၆၉) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၂၂၈) ဦး ရှိပြီ ဖြစ်ပါသည်။
May 22, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာန နဝရတ်ခန်းမ၌ တွေ့ဆုံသည်။
May 22, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေစိုးမိုးရေးနှင့် အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်လုံခြုံမှုရှိစေရေးအတွက် နေ့/ညမပျက် ဆောင်ရွက်လျက်ရှိရာ အဖျက် အမှောက် ဆောင်ရွက်လိုသူများက အဆိုပါလှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား လုပ်ကြံဖန်တီး ထုတ်လွှင့် ခြင်းများ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
May 22, 2021
တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုများကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော် လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။