နေပြည်တော် ဇူလိုင် ၁၉
ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များ က အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေရှိ အထွေထွေရောဂါကု ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၅၀ နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး အလုံး ၄၀ တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ရှမ်းပြည်နယ် ၂ (မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး၊ မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ၊ နမ့်လန်ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် သီပေါမြို့ ပြည်သူ့ ၊ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၅၅ လုံးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများနှင့် Corner Stone ကုမ္ပဏီမှ တာဝန်ရှိ သူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်၅၀၀)နှင့် လပွတ္တာမြို့ (၃)မိုင် မြို့သစ်ရှိ (ခုတင်-၂၀၀) ဆေးရုံကြီးသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် အလှူရှင်များက အောက်ဆီဂျင်အိုး ၈၆ လုံးကို လည်းကောင်း၊ ရခိုင် ပြည်နယ် မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ငါးလုံး၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၆၀၊ သံတွဲမြို့ ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၄၀ နှင့် ဂွမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၀ လုံး တို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက အောက်ဆီဂျင်အိုး အလုံး ၄၀ တို့ကို လည်းကောင်း သွားရောက်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်း၌ အောက်ဆီဂျင်စက် နေရာချထားမှုနှင့် စက်တပ်ဆင်နေမှုများနှင့် Corner Stone ကုမ္ပဏီပိုင် စက်မှုသုံးအောက်ဆီဂျင်စက်ရုံအစား ကျန်းမာရေး သုံးအောက်ဆီဂျင်စက်ရုံအဖြစ် ပြောင်းလဲပြုပြင် တပ်ဆင်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူသန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘော ကျင်းဌာနချုပ် အောက်ဆီဂျင် စက်ရုံမှလီတာ (၄၀) ဆံ့ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်လူမှု အဖွဲ့ အစည်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းနှင့် ဇူလိုင်၉ရက်မှ ယနေ့အထိရေတပ်သင်္ဘောကျင်း ဌာနချုပ် အောက်ဆီဂျင်စက်ရုံမှ လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးကြီး ၅၈၅ လုံး၊ (၁၅) လီတာဆံ့ အောက်ဆီဂျင်အိုး ၆၇ လုံးတို့ကို တပ်မတော် ဆေးရုံများ၊ သန်လျင်၊ ဒလ၊ တွံတေး၊ ခရမ်း၊ သုံးခွ နှင့် ကျောက်တန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ၊ အခြားလူမှုရေး အဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများကို တင်သွင်းခွင့်ပြု ထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၉၉၅ လုံး၊ လီတာ ၂၀ ဆံ့ အလုံး ၂၀၀၊ ၁၅ လီတာဆံ့ အလုံး ၁၅၀၊ ၁၀ လီတာဆံ့ အလုံး ၃၀၀ နှင့် အောက်ဆီဂျင် Regu| lator ၇စုံ တို့သည့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ တစ်ဆင့်လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီမှ တင်သွင်းသော အောက်ဆီဂျင်စက် နှစ်လုံးနှင့် ဆေးရုံသုံးပစ္စည်း များ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီး သည် လားရှိုးမြို့ မြို့တော်ခန်းမသို့လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စေတနာ ရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အောက် ဆီဂျင် အရည် ၅၇ တန်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ လည်းကောင်း အသီးသီး ရောက်ရှိလာကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်