May 24, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံ ပညာ အထက်တန်း ကျောင်း၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် သည်။
May 24, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ၂၁ ရက်ည ၇ နာရီတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီအဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်၌ မသင်္ကာဖွယ် ဆာလာအိတ် နှစ်အိတ်အားတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင်လားရှိုးမြို့နယ်ကောင်းကြဲကျေးရွာအုပ်စုကောင်းတပ်ကျေးရွာနေ ဆန်လူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မျိုးမြင့်အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၈၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၄၅ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
May 24, 2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မေ ၂၂ ရက်က အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May 24, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 24, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ထိန်းသိမ်း လျက်ရှိရာ မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့် တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ (၅)ရပ်ကွက်နေ ဦးမြဦး(စိစစ်ဆဲ)၏ နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေရာ ဦးမြဦး၏ ဇနီးဖြစ်သူ ဒေါ်မြတ်မွန်ကြူ(ခ)ခင်နှင်းသက်(၅၀)နှစ် (ဘ)ဦးကိုသန်း အား တွေ့ရှိထိန်းသိမ်းပြီး နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း ၃ ခု၊ ဓားရှည် ၁ ချောင်း၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒူးလေး ၁ လက်၊ မြှားတံ ၂၅ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
May 24, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေစိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လိုသော မိဘပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုရှိစေရေးတို့အတွက် နေ့၊ ညမပြတ် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ အဖျက်အမှောင့်ဆောင်ရွက်လိုသူများက အဆိုပါလှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား လုပ်ကြံ ဖန်တီးဖြန့်ချိခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
May 24, 2021
တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုများကို ဦးတည်စေသော ဆူပူ ဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော် လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်း များက ဥပဒေနှင့်အညီ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
May 24, 2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် စက်မှုဇုန်အတွင်းရှိ ဖြိုးဝေဝေစက္ကူ နှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း(လီမိတက်)သည် အသင်းသားဦးရေ ၃၀ နှင့် ဖွဲ့စည်းထားပြီး အသင်းသားများကိုယ်တိုင် စက္ကူထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်သားများ အဖြစ် ပါဝင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။
May 24, 2021
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အမွေအနှစ် စေတီပုထိုး၊ အဆောက်အအုံများအား တိုးချဲ့ ဖော်ထုတ်၍ နိုင်ငံတကာခရီးသွားများအတွက် တစ်ရက်ခရီးစဉ် အဖြစ် လည်ပတ်လေ့လာနိုင်သော ဒေသဖြစ်စေရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းက ပြောကြားသည်။ ။
May 24, 2021
စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ရိတ်သိမ်းပြီးချိန်မှ စားသုံးသူလက်ဝယ် ရောက်ချိန်အထိ ကြားကာလတွင်း လေလွင့်ပျက်စီးမှုပမာဏအများဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ် ကြောင်း၊ ဆွတ်ခူးခြင်း သယ်ယူ သိုလှောင်ခြင်း၊ ထုပ်ပိုး ဖြန့်ချိခြင်း စသည့် လုပ်ငန်းစဉ် တလျောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုများကို ထိရောက်စွာကုစားနိုင်မည့် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မေ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ ရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာနသို့ ရောက်ရှိ စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။