Skip to main content

Aug 11, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် သြဂုတ် ၉ ရက် ညနေပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု လျှော့ချရေး၊ မြို့နယ်တိုင်းတွင် အောက်ဆီဂျင် လုံလောက်မှုရှိစေရန် Oxygen Plant တပ်ဆင်နိုင်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက်၊ မဟာမင်းထင်တိုက်၊ မိုးကုတ်ရိပ်သာကျောင်းရှိ ပုလဲပရဟိတ ဖောင်ဒေးရှင်းသို့ သွားရောက်ကာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်)အား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ချန်းရှိချင်းယန့် ကုမ္ပဏီလိမိတက်မှ 40 Liter အောက်ဆီဂျင် အိုး(၁၀၀၀) လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်နှင့် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အချိန်ကာလကန့်သတ်ချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည့် ပန်းခင်းစီမံချက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆက်စပ်ဌာနများ နှင့် ညှိနှိုင်းထားသည့် SOP နှင့်အညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေးနှင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်ကို စက်တင်ဘာလအတွင်း ကျင်းပနိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းစီစဉ် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန်ဖြစ်သူ Mr. Andrei Iunak တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ လူထူဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်နှင့် စာသင်ကျောင်းမြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဘေးကင်းလုံခြုံသော ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် အသိအမှတ်ပြုလက်မှတ်များ Online မှတစ်ဆင့် လျှောက်ထားအတည်ပြု ထုတ်ပေးနိုင်ရေးအတွက် “Enchanting Myanmar Health and Safety Protocol” Website မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်