နေပြည်တော် ဩဂုတ် ၁၃
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကို ကိုလှိုင်တို့ဦးဆောင်၍ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကဇုန်၊ ဥရောပဇုန်၊ အမေရိကဇုန်နိုင်ငံများရှိ မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ မြန်မာ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များနှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော နိုင်ငံရေး အခြေအနေများနှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းခြင်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က လက်ရှိနိုင်ငံ ရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို အသိပေးရှင်းလင်းပြောကြား၍ လိုအပ်သည်များ မှာကြား သည်။
ပြန်လည်ရှင်းလင်းဆွေးနွေး ထို့နောက် မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များနှင့် သံရုံး ယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ကြသည်။ အာရှပစိဖိတ်ဒေသမှ သံရုံးအကြီးအကဲများနှင့် အလားတူ အသိပေးရှင်းလင်းခြင်း အစည်းအဝေးအား ဩဂုတ် ၁၁ ရက်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်