နေပြည်တော်၊ သြဂုတ် ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လည်း လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၂၉၆)ခု၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ PPE ဝတ်စုံ(၃၀၀၀၀) အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ ၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၂)စီးဖြင့်(၃၈)တန်၊အောက်ဆီဂျင်အရည် (အိုးဖြင့်) (၀ဒဿမ၁၁) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၈၇၅)ခု၊ Oxygen Plant (၄)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၈၉၅) ခု၊ PPE (၂၈၈၀၀) ၊ လက်အိတ်(၂)တန်နှင့်နှာခေါင်းစီး (Mask) (၅၈) တန်တင်သွင်းနိုင်ခဲ့သည်။ အထက် ပါပစ္စည်းများအား ကုမ္ပဏီ(၃၁)ခုမှ ယာဉ်စီးရေ (၅၅)စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၆၉၇)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၂၈) တန်၊အောက်ဆီဂျင် အရည်(အိုးဖြင့်)(၁၅၆)တန်၊အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့်(၆၆)တန်၊အောက်ဆီ ဂျင်(အိုးခွံ)(၈၃၆၇၉)ခု၊ Oxygen Plant (၂၀)၊ အောက်ဆီဂျင်(Generator) (၁၀)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၆၄၈၄၉)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၀၀၆၅၂)စုံ၊ လက်အိတ် တန် (၆၀) နှင့် နှာခေါင်းစီး (Mask) (၉၀၇) တန် တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်(၁၂)ရက်ထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၆၅) စီးမှာ ရန်ကုန်မြို့သို့ (၄၈) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း (၂၈) ခုမှာရန်ကုန်မြို့သို့ (၄ ) ခု၊လားရှိုး (၅) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့(၂)ခု၊ ဘားအံ(၂)ခု၊မော်လမြိုင်မြို့(၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ကြေညာ ထားသည့် ဩဂုတ် ၉ ရက်နေ့မှ ၁၅ ရက်အထိ ရုံးပိတ် ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကို လည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထား မှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဩဂုတ် ၈ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
(သတင်းစဉ်)