Jun 05, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဌာန ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် (၄) ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် မိတ္ထီလာဟိုတယ်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ MRTV က မေးမြန်းသည့်မေးခွန်းနှင့် အဖြေများ
Jun 05, 2021
မေး(၁)။ မေလ (၃၁) ရက်နေ့က ကယားပြည်နယ် ဒီမော့ဆိုမြို့ ကုန်းသာ ကျေးရွာတိုက်ပွဲမှာ တပ်က ၈ဝ ကျော် သေဆုံး ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားတာကိုလူမှုကွန်ရက်မီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီသတင်းမှန်/ မမှန် သိချင်ပါတယ်။ ။
Jun 05, 2021
မေး(၁)။ ငွေကြေးကျပ်တည်းမှုကို အခွင့်ကောင်းယူကာ ငွေကြေးချမ်းသာတဲ့ စစ်ဗိုလ်ချုပ် ဟောင်းများ အပါအဝင် ၎င်းတို့နှင့်နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းက ကျပ်ငွေသား လက်ဝယ် လိုချင်သူများကို အမြတ်တင် ရောင်းချ နေတယ်ဆိုပြီး Irrawaddy သတင်းဌာနက ဖော်ပြထားတာတွေ့ရှိ ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖြစ်မှန် သိချင်ပါ တယ် ခင်ဗျာ ။
Jun 05, 2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။
Jun 05, 2021
ကလေးသူငယ်တို့၏ ပညာတတ်မြောက်မှု အခွင့်အလမ်းသည် နိုင်ငံတော်၏အနာဂတ်၊ မိဘများ၏ မျှော်လင့် ချက်ဖြစ်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခက်အခဲများကြားမှ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစား၍ ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 05, 2021
နိုင်ငံအတွင်းရှိ အနာဂတ်ရင်သွေးငယ်များအား အသိပညာ၊ အတတ်ပညာများ တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော်လည်း မသမာသူ အကြမ်းဖက်သမားများက ၎င်းတို့၏ တစ်ပါတီ ကိုယ်ကျိုး စီးပွားအတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
Jun 05, 2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရပ်ကွက်များ၌ ပေါက်ကွဲမှုဖြစ်စဉ်များမှ ကျူးလွန်သူ များအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 05, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မတ္တရာ၊ စဉ်ကူးနှင့် ကျောက်မြောင်းမြို့နယ် တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများ တွင် ဝန်ထမ်း များနှင့် လည်းကောင်း၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး၌ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။
Jun 05, 2021
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်တွင်း သာမက ပြည်ပမှာ လည်းထောက်ခံသူတွေရှိပါတယ်။ နောက်သူက နိုဗယ်ဆုရှင်တစ်ယောက်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်၍ သော် လည်း ကောင်း၊ သူရဲ့နိုင်ငံခြားဆက်ဆံရေးဆောင်ရွက်ခဲ့တဲ့ အနေအထားပေါ်မှာ ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုများမှတ်ချက်ပြုလိုပါသလဲ။
Jun 05, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့သည် လေယာဉ်ဖြင့် ဇွန် ၃ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။