Jun 08, 2021
(၇-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၀၂၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၂၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၃၅,၀၄၅) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၄,၅၇၉) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 08, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၆)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
Jun 08, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပသည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ ကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် Wanda Realm Chongqing ဟိုတယ် Sunac Centro Hall ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jun 08, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဇွန် လ ၈ ရက်
Jun 08, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇွန်(၇)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေး ရေးနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦ ဆောက်လုပ်ထားရှိမှု၊ အဆောက်အဦအတွင်း ကျေးလက်လမ်းတံ တားများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက် နိုင်ရေးအတွက် ကျေးလက်လမ်းခင်းပစ္စည်းများ၊ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
Jun 08, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကိုနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲရွာရေအား လျှပ်စစ်စက်ရုံ သွားရာလမ်း (၁၃)မိုင်ရှိ ဒုဌဝတီမြစ်ကမ်းဘေးတွင် ခရီးသွားဧည့်သည်များ လာရောက် အပန်းဖြေလည်ပတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် Valley View Point စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
Jun 08, 2021
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီခွဲက ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း မန်ကျည်းတန်း မြောင်း ရေထိန်းတံခါးသို့ ရောက်ရှိရာ ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများက ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗဟန်းမြို့နယ်အတွင်းမှ ရေဝင်ရောက် မှု၊ ကန်ရေမြင့်တက်လာမှု၊ ရေထိန်းတံခါးနှင့်မြောင်းအတွင်း အမှိုက်ဆယ်ယူရှင်းလင်းနေ မှုနှင့် ကန်တော်ကြီးအဝင်ရေပြွန်ပေါက်မှ အမှိုက်များ ဆယ်ယူသန့်စင်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
Jun 08, 2021
သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင် ရေးဆွဲနိုင်ရေးဆောင်ရွက်ရန်နှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအတွင်း ရှင်းလင်းတင်ပြ ခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 08, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်(၇) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိပြီး မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေမှု၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုနည်းစဉ် အတွက်
Jun 08, 2021
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။