ပုသိမ် ဩဂုတ် ၁၃
သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနိုင်ရေးနှင့် သတင်း အမှန်များ စီးဆင်းမှုမြန်ဆန် စေရေး အထောက်အကူဖြစ်စေရန် အတွက် သတင်းမီဒီယာဥပဒေ စာအုပ်များနှင့် သတင်းသမားများ အတွက် Press Helmet များ ပေးအပ်လှူဒါန်းပွဲကို ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင် ဩဂုတ် ၁၂ ရက်က ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး(၂)၊ သတင်းမီဒီ ယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအောင်ပြည့်စုံနှင့် ပုသိမ်ခရိုင် အတွင်းရှိ ပုဂ္ဂလိကမီဒီယာ တိုက်များမှ သတင်းသမားများ တက်ရောက်ကာ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အတွေ့အကြုံအမြင်များ ဆွေးနွေးဖလှယ်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် တွဲဖက်အတွင်းရေးမှူး (၂) ဦးအောင်ပြည့်စုံက လက်ရှိနိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် သတင်းတု၊ သတင်းမှားများနှင့် မသမာသူများက တိုက်ခိုက်နှောင့်ယှက်မှု များရှိနေသည်ကို တက်ရောက် လာသူများအသိပင် ဖြစ်ကြောင်း၊ ပြည်သူလူထုထံသတင်းအမှန်များ အချိန်မီရောက်ရှိနိုင်ရန် အရေး ကြီးပါကြောင်း၊ ကျင့်ဝတ်နှင့်အညီ သတင်းများ ရယူဆောင်ရွက် နိုင်ရေးက အထူးအရေးကြီးပါကြောင်း၊ ကျင့်ဝတ်နှင့်အညီ မှန်ကန်မြန်ဆန်သော သတင်းများကို ရယူလျက် နိုင်ငံတော်၏ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရေး စွမ်းဆောင်နိုင်သမျှ တစ်တပ်တစ်အား အားဖြည့် ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ကျင့်ဝတ်နှင့်အညီ သတင်းရယူနေသော သတင်း သမားများအတွက် သတင်းမီဒီ ယာကောင်စီမှလည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတင်း သမားများအား အမြဲတမ်းကူညီ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း မှာကြားဆွေးနွေးသည်။
သတင်းစဉ်