Skip to main content

Jul 17, 2021

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူများကို လက်ခံ ကုသပေးလျက်ရှိကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ကချင်ပြည်နယ် ဗန်းမော်မြို့သစ် နွယ်လန်းကျေးရွာ နွယ်လန်းတပ်နယ်၏ အနောက် မြောက်ဘက် မီတာ ၂၀၀၀ အကွာ လယ်ကွင်းအနီး၌ ဇူလိုင် ၁၅ ရက်က အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက် ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူ ဒါန်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ကိုဗစ်-၁၉ ရောဂါဓတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ အောက်ဆီ ဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံ များ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများသို့ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့် ရမည့်သူများကို နေရာဒေသအလိုက်ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိ သည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ဖြစ်စေရန် အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်အသီးသီးရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ Mask ၄၂၀၀ ခုကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

နိုင်ငံတော်မှ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘဝမြင့်မား တိုးတက် စေရေး အထောက်အကူပြုနိုင်ရန်အတွက် လျှပ်စစ်မီးလုံလောက်စွာရရှိစေရေး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီတာခပေးသွင်းနိုင ်ရေးအတွက် နှိုးဆော်ဆောင်ရွက်ကောက်ခံလျက်ရှိရာ အကြမ်းဖက်အစွန်းရောက်သမားများ အနေဖြင့် နိုင်ငံတော်မှ အခွန်အခများ မရရှိနိုင်စေရေး အတွက် လျှပ်စစ်ရုံးများနှင့် မီတာခ ငွေပေးဆောင်သည့် တာဝန်သိ ပြည်သူများအား ရည်ရွယ် ချက်ရှိရှိဖြင့် ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုများ လတ်တလော ကာလတွင် ပိုမိုတိုး မြှင့်ဆောင်လုပ်ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

ဆူပူအကြမ်းဖက်မှုကို လိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထုသွားလာ လှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ် ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်း စာနာထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြန်လည်ဖြစ်ပွားလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၇၄ မြို့နယ်ကို stay at Home အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဆက်သွယ် မေးမြန်းထား သည်များကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

(ယမန်နေ့မှအဆက်) One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က လက်ရှိနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်နေပြီး ရန်ကုန်နှင့် ဒေသအချို့၌ ပစ်ခတ် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့် အမျှဖြစ်နေပါကြောင်း၊ အသက်အိုးအိမ်မလုံခြုံမှုများ အပြင် ကူးစက်မှုမြန်ဆန်ပြင်းထန်သည့် covid-19 ရောဂါတတိယလှိုင်းတွင် လူသေဆုံးမှုများ မြင့်တက် နေသည့်အတွက် စီးပွားရေးထိခိုက်မှုများ၊ စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းနေမှုများ တွေ့ရ ကြောင်း၊ ယင်းအခြေအနေမျိုးတွင် နိုင်ငံရေးဖြစ်စဉ်များထက် ပြည်သူများအသက် ဆုံးရှုံးမှုများက လက်တွေ့ဆန်နေ သည့်အတွက် ရောဂါကပ်ဆိုးနှိမ်နှင်းရေးကို ပထမဦးဆုံး လုပ်ဆောင်ရမည့်အချိန်ဖြစ်သည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။ ။

ဆက်လက်ဖတ်ရှုရန်