နေပြည်တော်၊ ဇူလိုင် ၁၆
ကိုဗစ်-၁၉ ရောဂါဓတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ အောက်ဆီ ဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံ များ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများသို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပန်ဝါ အခြေစိုက် မြန်မာမျိုးကိုကိုကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးသို့လှူဒါန်းမည့် အောက်ဆီဂျင် ၄၀ လီတာ ၅၀ လုံးနှင့် ဆက်စပ်ပစ္စည်းများကို မြစ်ကြီးနား မြို့ရှိ နယ်မြေခံတပ်သို့ လာရောက်လှူဒါန်းရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး က လက်ခံရယူသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် အောက်ဆီဂျင်အိုး ၅၀ လုံးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ မှာယူထားသည့် အောက်ဆီဂျင် အိုးအလုံး ၅၀ တို့ကို မြစ်ကြီးနားမြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်