နေပြည်တော်၊ ဇူလိုင် ၁၆
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ဖြစ်စေရန် အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်အသီးသီးရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်အတူ Mask ၄၂၀၀ ခုကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်