Skip to main content

Jul 15, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူ ပစ္စည်းများ လိုက်လံဝေငှခြင်းဆောင်ရွက်နေသည့် တာဝန်သိ ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့ စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာများထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက် အင်းလေးကန်အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများ ပေါ်သို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေး အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိတပ်ရင်းတပ်ဖွဲ့ အသီးသီး၌ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများ အရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

လက်ရှိအချိန်တွင် COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများနှင့် ကန့်သတ် စောင့်ကြည့်ရမည့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးရာတွင် လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို စေတနာ ရှင်အလှူရှင်များက တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် COVID Center များသို့ လာရောက်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်လျက်ရှိသော “ဝန်ထမ်းသစ်များ စွမ်းဆောင်ရည် သင်တန်း”၌ ဆွေးနွေးပို့ချမှု ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်