Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်) One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က လက်ရှိနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်နေပြီး ရန်ကုန်နှင့် ဒေသအချို့၌ ပစ်ခတ် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့် အမျှဖြစ်နေပါကြောင်း၊ အသက်အိုးအိမ်မလုံခြုံမှုများ အပြင် ကူးစက်မှုမြန်ဆန်ပြင်းထန်သည့် covid-19 ရောဂါတတိယလှိုင်းတွင် လူသေဆုံးမှုများ မြင့်တက် နေသည့်အတွက် စီးပွားရေးထိခိုက်မှုများ၊ စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းနေမှုများ တွေ့ရ ကြောင်း၊ ယင်းအခြေအနေမျိုးတွင် နိုင်ငံရေးဖြစ်စဉ်များထက် ပြည်သူများအသက် ဆုံးရှုံးမှုများက လက်တွေ့ဆန်နေ သည့်အတွက် ရောဂါကပ်ဆိုးနှိမ်နှင်းရေးကို ပထမဦးဆုံး လုပ်ဆောင်ရမည့်အချိန်ဖြစ်သည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။ ။

 

အရပ်သားများအတွက် နေရာထိုင်ခင်းပြင်ဆင်မှုများ ဆောင်ရွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗုံးကွဲမှု၊ မိုင်းခွဲမှုများရှိ ကြောင်း၊ ဖြစ်ပျက်ခဲ့သည့်အခြေအနေများ၊ တချို့ နေရာများမှာ တချို့ မီဒီယာများ၏ ထူးခြားချက်ကို ပြောလိုကြောင်း၊ ဒလက်မီဒီယာ၏ထူးခြားချက်က မတ်၊ ဧပြီ၊ မေလတို့တွင် မြန်မာနိုင်ငံအနှံ့ ဗုံးထောင်၊ ဗုံးခွဲမှုပေါင်း အနည်းဆုံးအကြိမ်ရေ ၁၀ကြိမ် အထက်ရှိကြောင်း၊ ဆန္ဒပြမှုများ၊ မီးရှို့ဖျက်ဆီးမှုများရှိကြောင်း၊ သို့သော် ထိုအချိန်တွင် ထိုဗုံးဆောင်ဖောက်ခွဲမှုများ နှင့်ပတ်သက်ပြီး ၎င်းတို့သိပ်ပြီးမရေးကြောင်း၊ သိသိ သာသာကျ ဆင်းသည်မှာ မေလနှင့်ဇွန်လအတွင်း အခြားဖော်ထုတ်ဖမ်းဆီးရမိမှုများရှိကြောင်း၊ ထို့ပြင် အကြမ်းဖက်မှုကိုလက်မခံသည့်ပြည်သူများကလည်း ဝိုင်းဝန်းကူညီမှုများရှိကြောင်း၊ လုံခြုံရေး အထောက် အကူပြုအဖွဲ့ များအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းများရှိ ကြောင်း၊ ယခုအချိန်တွင် ၁၀ကြိမ်အောက်တွင်သာရှိကြောင်း၊ သို့သော် ထိုအရာများကို အမြဲပုံကြီးချဲ့နေ သည်များရှိကြောင်း၊ ထိုအရာများနှင့်ပတ်သက်ပြီး လုံခြုံရေးအဖွဲ့များနှင့် ပြည်သူလူထုများ၊ တာဝန်သိ အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောလို ကြောင်း၊ Covid-19 ရောဂါနှင့်ပတ်သက်ပြီးဆောင်ရွက်ပေးနေသည်မှာ ပုဂ္ဂလိကဆေးရုံများ၌ Covid-19 ရောဂါနှင့် ပတ်သက်ပြီး ကုသခွင့်ပေးထား သည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း သုံးခုသာရှိကြောင်း၊ လှိုင်သာယာရှိ ပန်းလှိုင်ဆေးရုံ၊ ဒဂုံမြို့သစ်မြောက် ပိုင်းရှိ Dagon Medical Care Hospital နှင့် မန္တလေး ချမ်းအေးသာစံရှိ မြို့တော်ဆေးရုံတို့ဖြစ်ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဆေးရုံဆေးခန်း များတွင် ကုသပေး နိုင်ရန် နောက်ထပ်လျှောက်ထားသည်များရှိကြောင်း၊ ၎င်းကို အမြန်ဆုံး ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ သို့ အပြင် ရောဂါရှာဖွေရေးလုပ်ငန်းများကို ပုဂ္ဂလိက ဆေးရုံ ၁၀ ရုံနှင့် ဓာတ်ခွဲခန်းလေးခုကို ခွင့်ပြုထားကြောင်း၊ နောက်ထပ်လျှောက်ထားသည် များကိုလည်း အမြန်ဆုံးခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ Covid-19 ရောဂါပိုးတွေ့ သည့်လူနာ များကို အမျိုးအစားခွဲခြားပြီး ကုသမှုဆောင်ရွက် ပေးနိုင်သည့် အခြေအနေများ ရှိကြောင်း၊ ယင်းတို့ကို တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခု လက်ရှိအခြေအနေ တွင် Covid-19 ရောဂါ တတိယ လှိုင်းဖြစ်ပွားသည့် အခြေအနေများကို ပြည်သူလူထု အနေဖြင့် သံသယရှိလျှင် မည်သို့လုပ်ရမည်ကို ကျန်းမာရေးဝန်ကြီးဌာနက ပြောသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်ဘက်က အရပ်သား များအတွက် နေရာထိုင်ခင်းပြင်ဆင်မှုများ မကြာမီ အချိန်အတွင်း ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ တပ်ရင်းတပ်ဖွဲ့ များမပါ၊ ယခုလတ်တလော ပြီးစီးပြီး အခြေအနေများဖြစ်ကြောင်း၊ ယခင်ကလည်း ထို နေရာများကိုထားခဲ့ဖူးကြောင်း၊ ဒုတိယလှိုင်းဖြစ်စဉ် တွင် လက်တွေ့လုပ်ခဲ့ကြောင်း၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (မန္တလေး) တွင် ၈၆ ဦးထားနိုင်ရန်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တည်းခိုရေးစခန်း (၁) ရွှေညောင် တွင် ၉၀ ထားနိုင်အောင် ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ကျိုင်းတုံ၌ ၁၄၄ ဦး၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း (လားရှိုး)၌ ၈၀ ၊ တည်းခို ရေးစခန်း(မော်လမြိုင်)နှင့် ကျောင်းတစ်ကျောင်း၌ လူဦးရေ ၃၀၀ ထားနိုင်အောင် ဆောင်ရွက်ပြီးဖြစ် ကြောင်း၊ ထို့ပြင် မြိတ်၊ ကော့သောင်း၊ မုံရွာ၊ ရန်ကုန်၊

တောင်ငူ၊ ခိုလမ်တို့တွင် ၁၄ နေရာ၌ ၂၃၀၂ ဦးထားရှိ နိုင်အောင် စီစဉ်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောခဲ့သည့်အတိုင်း Covid-19ရောဂါနှင့်ပတ်သက်ပြီး လူနာများရွှေ့ထုတ် နိုင်ရန်၊ အရေးပေါ်လူနာများ ရွှေ့ ထုတ်နိုင်ရန်အတွက် လိုအပ်လျှင် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ် များသုံးရန် လိုအပ်သည့်ပစ္စည်းများ အမြန်ဖြန့်နိုင်ရန်

ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အနေ ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့်အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်းရှင်များနှင့် လွန်ခဲ့ သည့် ၉ရက်နေ့ညနေက ရန်ကုန်၌ ချိတ်ဆက်ကာ Zoom Meeting ထိုင်ပြီးဆောင်ရွက်ခဲ့ကြောင်း၊ထိုအစီအစဉ်များလည်း မကြာမီအကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း၊ One News ဆိုသလို Skynet အနေဖြင့်လည်း ယခင်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း၊ အောက်ဆီဂျင်လိုအပ်သည့်ကိစ္စ များအပါအဝင် ယင်းလုပ်ငန်းများကိုလုပ်ဆောင်ရန် တင်ပြထားတာရှိကြောင်း၊ ယခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာသည်နှင့်အမျှ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီး ဌာနကလည်း လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် လည်း လိုအပ်သည်များကိုအမြန်ဆုံးအရေး ( ယူ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မြန်မာ လူမျိုးများသည် လူမှုရေးစိတ်ဓာတ်ရှိပြီးဖြစ်ကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်လျှင် မကြာမီ ကျော်လွှား နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ စည်းကမ်းတင်းကျပ်မှ ရောဂါအဆက်ပြတ်

ပြည်သူလူထုကို ထပ်မံမေတ္တာရပ်ခံလိုသည်မှာ Covid-19 ရောဂါပိုးနှင့်ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများက အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ အချို့နေရာများတွင် စည်းကမ်းကို တော်တော်လေးလုပ်ရကြောင်း၊ စည်းကမ်းတော်တော်တင်းတင်းကျပ်ကျပ်လုပ်ပြီးမှ ရောဂါ အဆက် ပြတ်သွားမည်ဖြစ်ကြောင်း၊ ထိုရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ရှင်းပြ မည်ဖြစ်ကြောင်း၊ ၁၄ ရက်အတွင်းမှာ မည်သို့ဖြစ်မည်။ မည်သို့နေ ထိုင်သင့်သည်ကို ရှင်းပြမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်က ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများ ကို ပုဂ္ဂလိကရောင်းချရန် ပိတ်ပင်လိုက်သည်တို့ စီး ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ တချို့စက်များကို သွင်းခွင့်မပေးသည်တို့ ထိုကိစ္စများ သည် သတင်းမှား ဆိုသည်ဟုပြောပြီး ဖြစ်ကြောင်း၊အောက်ဆီဂျင်နှင့်ပတ်သက်ပြီး ပုဂ္ဂလိကဖြည့်သွင်းမှု တချို့ကို ကန့်သတ်ထားကြောင်း၊ ဘာကိုကန့်သတ် လိုက်လည်း ဆိုလျှင်တစ်ဦးချင်းလာဖြည့်သည်များကို မဖြည့်ပေးဘဲနှင့် အဓိကလိုအပ်နေသည့် ဆေးရုံ၊ ဆေးခန်းများသာ ဖြည့်ပေးမည်ဆိုပြီး ကန့်သော်သား ခြင်းရှိကြောင်း၊ ဘာကြောင့်လုပ်ရသလဲဆိုလျှင် နှစ်မျိုးရှိကြောင်း၊ နံပါတ် ၁ တစ်မျိုးကထုံးစံအတိုင်း Online ပေါ်တွင် လိမ်နေခြင်းမျိုးရှိကြောင်း၊ အောက် ဆီဂျင်အိုး လာယူပါ မည်မျှပေးရသည်။ ငွေပေးလိုက် လည်း မရသည်မျိုးရှိကြောင်း၊ လက်တွေ့လည်း တိုင်ကြားစာများရရှိထားကြောင်း၊ နံပါတ် ၂ အနေဖြင့် အောက်ဆီဂျင်ကိုမလိုအပ်ဘဲနှင့် ယူခြင်း ဖြစ်ကြောင်း၊ တချို့တကယ်မလိုအပ်ဘဲယူသည်ရှိကြောင်း၊ တချို့ လိုအပ်၍ ယူသည်ရှိကြောင်း၊ ယင်းသည် ကျွမ်းကျင် သည့်ဆေးရုံ၊ ဆေးခန်းကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့် အညီ သုံးစွဲသင့်တာမျိုးရှိကြောင်း၊ လိုအပ်ချက် များရှိနေသည်ကိုသိကြောင်း၊ သို့သော် တကယ် လိုအပ်၍ သွားကြည့်ခြင်းများသည် သက်ဆိုင်ရာနယ်မြေရှိ ကျန်းမာရေးဝန်ထမ်းများ၏ အောက်ခံ ချက်နှင့် ပြည့်တင်းနိုင်သည်ဟု ပြောလို ကြောင်း ပြန်လည်ပြောကြားသည်။ ။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က အဓိက အောက်ဆီဂျင်လိုအပ်ချက်က Covid ၏ Treatment တွင် အောက်ဆီဂျင်ကလည်း အရေးပါကြောင်း၊ ထို့ကြောင့်ရောဂါ၏အခြေအနေဆိုး လာသည်နှင့်အမျှ အောက်ဆီဂျင်ကစပြီး ကျလာကြောင်း၊ လူမှုကွန်ရက်တွင်တွေ့ရသည့် အနေအထား အရ အောက်ဆီဂျင်က ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်နှင့် ကျွမ်းကျင်သူ၏ကြီးကြပ်မှုဖြင့် သုံးစွဲသင့် သည့်နေရာဖြစ်ကြောင်း၊ တချို့ covid မဖြစ်သေးဘူး၊ အိမ်မှာလည်း လူအကုန်လုံးနီးပါး ကာကွယ်ဆေးထိုးထားကြောင်း၊ တချို့ကျ သိပ်ပြီး အပြင်မထွက်ဖြစ်သည့် မိသားစုများက စိတ်ပူပြီး အိမ်တွင် အောက်ဆီဂျင်ဝယ်ပြီးလှောင်ထားသည်ရှိကြောင်း၊ အောက်ဆီဂျင်ထုတ် လုပ်မှု၊ တင်သွင်းမှု ဖြစ်စဉ်တွင် Demand နှင့် supply ဆိုသည်ရှိကြောင်း၊ တစ်ဖက်က သုံးစွဲလိုသည့် တက်လာသည့်အချိန် တွင် တင်သွင်းမှုနှင့် ထုတ်လုပ်မှုပိုင်းတွင် လုံလောက် အောင် မဖြည့်ဆည်းပေးနိုင်သည့်အပိုင်းလည်းရှိကြောင်း၊ Covid ပထမလှိုင်းမှာကတည်းက တွေ့ကြုံ ဖူးပါကြောင်း၊ ထိုစဉ်ကလည်း N-95 Mask များမှကောင်းသည်ဆိုပြီး ကျန်းမာရေး ဝန်ထမ်းများသာ အသုံးပြုသင့်သည့် Mask များကို အများစုက လိုက်ဝယ်ကြသည့်အခါ Mask အများကြီးမရှိသည့် အတွက် Mask များ ပြတ်သွားခြင်း၊ ဈေးတက်သွား ခြင်းတို့ရှိကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် ပြန်ပြီးအကြံပြုရကြောင်း၊ N-95 Mask များမှာ ကျန်းမာရေး ဝန်ထမ်းများသာ သုံးသင့်ကြောင်း၊ အများ ပြည်သူများအနေဖြင့် surgical Mask သို့မဟုတ် နစ်တကျချုပ်လုပ်ထားသည့် အလွှာသုံးလွှာပါသည့် cloth Mask ထိုအရာမျိုးကို သုံး၍ရကြောင်း ပြန်ပြောခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း Oxygen သည် တကယ်လိုအပ်သည့်သူ အတွက်ကောင်းသော်လည်း တကယ်မလိုအပ်ဘဲသုံးမိသည့်အခါ၊ ဝယ် စုဆောင်းထားသည့် အခါတကယ်လိုအပ်သည့်သူများ၊အောက်ဆီဂျင်ကိုရှူလိုက်မှအသက်ရှင်မည့်သူများ အတွက် အခက်အခဲဖြစ်ကြောင်း။

 

အောက်ဆီဂျင် resource များကစီးဆင်းသွားရန်လိုအပ် တစ်ဖက်တွင်လည်း နိုင်ငံ၏ပံ့ပိုးမှုနှင့် တင်သွင်းသည့်လမ်းကြောင်း Liquid Oxygen လိုမျိုး များတရုတ်ဘက်ကတင်သွင်းသည့် အပိုင်းရှိကြောင်း၊ မြ၀တီနယ်စပ်မှ တင်သွင်းသည့်အပိုင်းရှိကြောင်း၊ ပြည်တွင်းမှာရှိသည့် တပ်မတော်အပါအဝင် အောက် ဆီဂျင် ထုတ်လုပ်သည့် ဝန်ကြီးဌာနများလည်း ရှိကြောင်း၊ ထိုအရာများနှင့် ပူးပေါင်းပြီးသည့်အခါတွင်ဆက်ဆီဂျင်အများစု ဘယ်လိုထုတ်လုပ်မလဲ၊ ပြည်တွင်းတွင်လည်း Oxygen Plant ရောင်းသည့် ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ပြီး အောက်ဆီဂျင် များများထုတ်နိုင်ရန် Production အပိုင်းက ဆောင် ရွက်သည့်အပိုင်းရှိပြီး တစ်ဖက်မှ တကယ်လိုအပ် သည့်နေရာကိုအောက်ဆီဂျင် resourceများက စီးဆင်း သွားရန် လိုအပ်ကြောင်း၊ထိုအရာကို ပညာပေးသည့် အပိုင်း၊ ကြပ်မတ်သည့် အပိုင်းများ ဆောင်ရွက်နေကြောင်း၊ အထက်ကပြောခဲ့သည့်နည်းတူ ယင်းနေရာ တွင်လည်း ပူးပေါင်း သည့်အပိုင်းသည် အဓိကဖြစ်ကြောင်း၊ အောက်ဆီဂျင် ကိုမလိုသည့်သူက လိုသည့် သူကိုကူညီမည်၊ ဘယ်လို လူများက တကယ်လိုအပ် သည်ဆိုသည်ကို ကျန်းမာရေး ဝန်ထမ်းများက ဆုံးဖြတ်ပေးမည်ဆိုပါကလမ်းကြောင်းအမှန်ကိုရပြီး တကယ်လိုအပ်သည့်သူက ရရှိမည်ဖြစ်ကြောင်း ဖြည့်စွက်ကြသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်က်ပြောကြား ရာတွင် တချို့သတင်းများက ပြောကြောင်း၊ အောက်ဆီ ဂျင်နှင့်ပတ်သက်ပြီး တပ်မှ အောက်ဆီဂျင်စက်ရုံများ ကို သိမ်းသည်ဟု တချို့ မီဒီယာများကဖွကြောင်း၊ သိမ်းစရာအကြောင်းမရှိကြောင်းနှင့် ဒုတိယလှိုင်းဖြစ် စဉ်ကပင် ပြည်သူများ အားလုံးအမြင်ဖြစ်ပြီး မိုးထဲရေ ထဲတွင် တပ်မှ ရဲဘော်များကိုယ်တိုင် အောက်ဆီဂျင် အိုးများတမ်းပြီး ဆေးရုံများကိုသွားလှူနေကြောင်း၊ အဘယ်ကြောင့်ဆိုသော် တပ်မတော် ဆေးရုံများတွင်အောက်ဆီဂျင်ထုတ်လုပ်သည့် နေရာများရှိကြောင်း၊ ထိုအရာများဖြင့်လည်း ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့အပြင် စက်မှုလုံးအောက်ဆီဂျင်များရှိကြောင်း ရန်ကုန် ဆိုလျှင် အင်းစိန်သံမဏိစက်ရုံသည် တပ်မတော်၏မြန်မာစီးပွားရေးကော်ပိုရေးရှင်းကပိုင်ပြီး သင်္ဘော ကျင်းစက်ရုံသည်လည်း ၎င်းကပိုင်ခြင်းဖြစ်သည့် အပြင် တခြားစက်ရုံများရှိကြောင်း၊ ယင်းစက်ရုံများမှအောက်ဆီဂျင်များကိုပင်စက်မှုသုံးအောက်ဆီဂျင်များ ကိုပြောင်းပြီး ဆောင်ရွက်ပေးနေခြင်းများရှိကြောင်း၊ ပထမဦးဆုံး ချင်းပြည်နယ်ဘက် ကလေး စသည့် ဒေသများ၌ စဖြစ်ချိန်တွင် လိုအပ်သည့်ဆေးပစ္စည်း များပို့ပေးပြီး အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များ ပို့ပေးခြင်းများလည်းရှိကြောင်း၊ ထိုအရာများ လိုအပ် ချက်များကိုလည်း ဖြည့်ဆည်းပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြားသည်။

 

One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ယခုလက်ရှိဖြစ်ပေါ်နေသည့် အသွင်ပြောင်းပိုး Covid-19 ရောဂါ ကုသရေးကုထုံး များမှာ အောက်ဆီဂျင်လိုအပ်ချက်က ယခင်ကုထုံး များနှင့် နှိုင်းယှဉ်လျှင် သုံးဆခန့် ပိုပြီးလိုအပ်နေ သည်ဟု ဆိုကြောင်း၊ တစ်နိုင်ငံလုံး အောက်ဆီဂျင် ထုတ်လုပ်မှု လိုအပ်နေသည့်ကာလတွင် ထိုင်းဘက် ကလည်း နယ်စပ်ကုန် သွယ်ရေးများ ပိတ်လိုက်ပြီ ဆိုတော့ အောက်ဆီဂျင်လိုအပ်ချက်က အလွန် များပြားလာ ခြင်းဖြစ်ပြီး ပြည်သူများ၏အသက်ကို ကယ်တင်နိုင်ရန် အောက်ဆီဂျင်လိုအပ်ချက်က အရေးကြီး နေသည့်အတွက် ဘယ်လိုများထပ်စီစဉ် ထားလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

 

နေရာအနှံ့တည်ဆောက်နိုင်ရေးဆောင်ရွက်

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက Covid-19 ရောဂါနှင့် ပတ်သက်သည့်ပစ္စည်းများ နယ်စပ်ဒေသတွင် ပိတ် ထားသည်ဆိုသည်မှာ မမှန်ကန်ကြောင်း၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့်လည်း သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယခင်ကလိုသာမန်ကုန်စည်များကဲ့သို့ FDA ထောက်ခံချက်တို့ လိုအပ်သည့်စာရွက်စာတမ်းများပင်မလိုအပ်ဘဲ ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထား လျက်ရှ ိကြောင်း၊ ထို့အပြင် အောက်ဆီဂျင်ထုတ်လုပ် နိုင်သည့်နေရာများကို စွမ်းအားကုန်လည်ပတ် နိုင်ရေး၊ အလှူရှင်များနှင့်ပူးပေါင်း၍ နေရာအနှံ့တည်ဆောက်နိုင်ရေး၊ Liquid Oxygen များ သွင်းနိုင်ရေး များ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

 

one News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က Covid-I9 ရောဂါကူးစက်မှု ကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးများ ပိတ်လိုက်သည့် အတွက် နယ်စပ်ကုန်သွယ်မှုများ ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ဘယ်အချိန်ပြန်ဖွင့်မလဲ ဆိုသည်ကို မသိနိုင်သည့် အခြေအနေက်ရှိနေကြောင်း၊ အိန္ဒိယနယ်စပ်ဂိတ်ဖြစ်သည့် တမူးပိတ်ထားခြင်းမှာ နှစ်ချီနေပြီဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနယ်စပ်ဂိတ် ကလည်း ပိတ်ထားခြင်းကြောင့် အထွေထွေ ကုန်ဈေး နှုန်းကြီးမြင့်မှုဖြစ်လာမည်ကို ပြည်သူများအနေဖြင့် စိုးရိမ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံတာဝန်ရှိ သူများအနေဖြင့် Covid-19 ရောဂါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကုန်စည်ရောင်းဝယ်မှုများ မပြတ်တောက်သွားအောင် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း၊ အခြေခံစားကုန်အပါအဝင် ကုန်ဈေး နှုန်းထိန်းချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီအနေဖြင့် ဘာများဆောင်ရွက် ထားလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံစားကုန်နှင့် ပတ်သက်ပြီး ဈေးကြီးမြင့်နိုင်မှု ဖြစ်နိုင်ခြေအလွန် နည်းကြောင်း၊ အခြေခံစားကုန်နှင့်ပတ်သက်ပြီး စီမံဆောင်ရွက်ထားခြင်းများရှိပြီးဖြစ်ကြောင်း၊ သို့သော် ကုန်သွယ်မှုရပ်တန့်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မိမိရရှိရမည့် ငွေ၊ ပြန်ပေးရမည့်ငွေ အခြေခံစားကုန် မဟုတ်ဘဲ နိုင်ငံခြားကို သီးသန့်ပို့နိုင်မည့် လုပ်ဆောင် ထားသည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများ အနည်း နှင့်အများ ထိခိုက်နိုင်ကြောင်း၊ ယင်းသို့ ဖြစ်လာနိုင် သည့်အခြေအနေရှိကြောင်း၊ သို့သော် သက်ဆိုင်ရာ နိုင်ငံများနှင့် Covid-19 ရောဂါနှင့် ပတ်သက်ပြီးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေးကို လက်တွေ့ ပြနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံတစ်နိုင်ငံကို ကြည့်ခြင်းမှာ နိုင်ငံတစ်နိုင်ငံ၏ရောဂါဖြစ်ပွားနှုန်းများလား၊ ကူးစက်နိုင်မှုများလား ဆိုသည်ကိုသာ ကြည့်ခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားနှုန်းလျှော့ချရ မည်ဖြစ်ပြီး လျှော့ချရန်မှာ စည်းကမ်းလိုက်နာရမည်ဖြစ်ပြီး တိကျစွာစည်းကမ်း လိုက်နာရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် Covid-19 ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်စည်စီးဆင်းမှုများကို ပြန်လည်လုပ်ဆောင်နိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်ဆွေးနွေးညှိနှိုင်းမှုများ၊ လိုက်နာရမည့်စည်းကမ်းများ မည်သို့လိုက်နာရမည်ဆိုသည် များကို ဆောင်ရွက် လျက်ရှိကြောင်း၊ မနေ့က ယင်းဘက်တွင် ကုန်သည် များ၊ ကုန်ကား များပိတ်ပြီး အခက်အခဲဖြစ်နေမည်စိုး သည့်အတွက် မထွက်ရန်တားမြစ်ထားခြင်းများရှိကြောင်း၊ ထိုကြားထဲတွင် ကြိုးပမ်းဆောင်ရွက်မှု များလည်းရှိကြောင်း ပြောကြားသည်။

 

One News သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က Third wave မှာဆိုလျှင် ကူးစက်မှု အများဆုံးတွေ့ရကြောင်း၊ ကူးစက်ခံရသည့်သူများ ကုသရန် ဆေးရုံများ၊ ယာယီ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်မှုအခြေအနေအပေါ် အမြန်ဆုံးဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ဘာများ ဆောင်ရွက်ထားသလဲ။ ကာကွယ် ဆေးထိုးရန် မည်သို့စီစဉ်ထားသလဲ။ Covid-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် ဒေသအလိုက် Lockdown ချရန် အစီအစဉ်ရှိပါသလား။ ယင်းသို့ အစီအစဉ်ရှိပါက အခြေခံပြည်သူများ စားဝတ်နေရေး အခက်အခဲမဖြစ်အောင် ဘာများ စီစဉ်ထားသလဲ ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက စီစဉ်ထားမှုများအား ပြောကြားပြီးဖြစ်ကြောင်း၊ ဘယ်ဆေးရုံများမှာ တက်ရောက်နိုင်ကြောင်းကို ပြောကြားပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက် ပြော ကြားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် အစီအမံမှာ မြန်မာပြည်တွင်၁ ဒသမ ၇သန်းထိုးပြီးဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်းတွင် မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ် နိုင်ငံမှ ကာကွယ်ဆေး တစ်သန်း ပထမအသုတ်အနေဖြင့် ရောက်လာမည်ဖြစ်ကြောင်း၊ ရောက်ရှိသည်နှင့် အမြန်ဆုံးထိုးနှံသွားမည်ဖြစ်ပြီး တခြားနိုင်ငံများတွင်လည်း Covid-19 ရောဂါနှင့် ပတ်သက်ပြီး ဖြစ်ပွားနေသည့် ဖြစ်ပွားနှုန်းများမှာလည်း များနေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ ဆေးမှာ ၎င်းတို့နိုင်ငံကပြေလည်မှသာလျှင် ရရှိမည်ဖြစ်ပြီး ယခုလက်ရှိတွင် ရနိုင်မည့် အခြေအနေ မရှိသေးကြောင်း၊ မိမိတို့အနေဖြင့် မြန်မြန်အကောင် အထည်ဖော်နိုင် မည်မှာ ခရီးစဉ်မှာ ဆွေးနွေးခဲ့သည့် ရုရှားမှ မြန်မာနိုင်ငံသို့ စက်ရုံလာကြည့်ကာ မိမိနိုင်ငံ တွင်ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် Covid-19 ရောဂါကို ကာကွယ်နိုင်သည့်ဆေးကို ထုတ်လုပ်နိုင် သည့်အခြေခံရှိပြီးဖြစ်သည်ဟု သိရပါကြောင်း၊ ထုတ်လုပ်မည့်အခြေခံမှာ ၎င်းတို့နိုင်ငံမှ ကျွမ်းကျင်သူ များ၏ ပြောကြားချက်အရ အသည်းရောင်အသား ဝါဘီ ကာကွယ်ဆေး ထုတ်နိုင်စွမ်းရှိပါက ထုတ်ရန် အခြေခံအချက်ရှိလျှင် ၎င်းတို့အနေဖြင့်ထုတ်နိုင်

ကြောင်း၊ ထို့ကြောင့် ထိုအရာမှာ ဖြစ်နိုင်သည့်အလား အလာရှိပြီး အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း၊ ( မိမိနိုင်ငံအတွင်းမှာ ဆေးထိုးပေးပြီး ဆောင်ရွက်နိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လတ်တလော တွင် ဒေသအလိုက် Lockdown ချရန် အစီအစဉ်မရှိ သေးကြောင်း၊ Stay at home အစီအစဉ်သာ လုပ်ဆောင်ရန်ရှိကြောင်း၊ Stay at home အဆင့်ကိုသာ ထိထိရောက်ရောက်လုပ်နိုင်ပြီး အားလုံးက လိုက်နာ နိုင်လျှင် ရောဂါအဆက်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ဖြေကြားသည်။

 

အရေးအပါဆုံးမှာ ကာကွယ်ခြင်းလုပ်ငန်းဖြစ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Covid-19 ရောဂါအပါအဝင် ကူးစက်တတ်သည့် ရောဂါ ထိန်းချုပ်သည့်အခါတွင် ကာကွယ်ခြင်းလုပ်ငန်း များ ရှိပြီး ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းစဉ်ရှိကြောင်း၊ရောဂါကိုကုသသည့် လုပ်ငန်းစဉ်လည်း ရှိကြောင်း၊ ထို့အပြင် ယင်းကာလတစ်ခုတည်းကိုသာကြည့် ၍မရကြောင်း၊ ရင်ဆိုင်ရသည့် တတိယလှိုင်းကာလ များတွင်သာမကဘဲ ဘယ်လောက်ထိဆက်ရှိနေနိုင် မလဲဆိုသည်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကိုယ်တိုင် ကလည်း တွက်ချက်နေသည့်ကိစ္စတစ်ခုဖြစ်ကြောင်း၊ တတိယလှိုင်း ရင်ဆိုင်ပြီးသည့်အခါတွင် နောက်သုံး နှစ်အတွင်း ဘာဖြစ်နိုင်မလဲ၊ နောက်ငါးနှစ်အတွင်း

ဘာဖြစ်နိုင်မလဲဆိုသည်ကို မဟာဗျူဟာမြောက် စဉ်းစားရမည်ဖြစ်ပြီး စဉ်းစားသည့်အခါတွင် အရေး ပါသည့်လုပ်ငန်းစဉ်အနေဖြင့် အရေးအကြီးဆုံးနှင့် အရေးအပါဆုံးမှာ ကာကွယ်ခြင်း လုပ်ငန်းဖြစ်ကြောင်း၊ ကာကွယ်ခြင်းလုပ်ငန်းစဉ်တွင် အားလုံးသိ သည့်အတိုင်း Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ ဆိုသည်ကိုတော်တော်များများသိရှိကြောင်း၊ သို့သော် လက်တွေ့ ဆောင်ရွက်သည့်အပိုင်းတွင် အားနည်း နေခြင်းကိုတွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားနေ သည့်အချိန်တွင် အထူးဂရုပြုဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း၊ နောက်တစ်ခုမှာ လက်ရှိဆေး သိပ္ပံပညာ၏ကောင်းကျိုးတစ်ခုအနေဖြင့် ကမ္ဘာပေါ် တွင် ကာကွယ်ဆေးတစ်ခု ပေါ်ထွက်လာခြင်းမှာ အချိန်အတိုဆုံးနှင့် ထိရောက်အောင် အမြန်ဆုံး ထုတ်လုပ်နိုင်သည်မှာ Covid-19 ရောဂါ ကာကွယ် ဆေးလည်းပါဝင်ကြောင်း၊ ကိုယ့်အတွက်ရရှိသည့် ဆေးသည် ကိုယ့်အတွက်အကောင်းဆုံးဆေး ဖြစ်ကြောင်း၊ ယင်းသို့လက်ခံပြီးသည့်အချိန်တွင် ကာကွယ် ဆေး ထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပြီး ထိုးမည်ဆိုလျှင် လူမှုအသိုင်းအဝိုင်းတွင်လည်း လူမှုတာဝန်ကျေသည်ဆိုသည့် ပြည်သူ့နီတိဟု ပြောရမည်ဖြစ်ကြောင်း၊ Mask တပ်ထားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သလို တစ်ဖက်လူကို လည်း ကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ နည်းတူ ကာကွယ်ဆေးထိုးခြင်းမှာလည်း ကိုယ့် ကိုယ်ကိုယ်ကာကွယ်သလို တစ်ဖက်လူ ကိုလည်း ကာကွယ်ပေးခြင်းဖြစ်ပြီး အထက်က ဗိုလ်ချုပ်ရှင်း ပြသွားသည့်အထဲတွင်လည်း ပါပြီးဖြစ်ကြောင်း၊ အများစုထိုးထားလျှင် Hard Immunity ရသည့်အခါ တွင် အပြင်ကပိုးက ဝင်လာရန်လည်းမလွယ်ကူသလို သူ့အထဲတွင် ကူးစက်ရန်လည်းမလွယ်ကူကြောင်း၊ USCDC ကလည်း တချို့ ကာကွယ်ဆေးထိုးထားပြီး သည့်သူများ အုပ်စုလိုက်ရှိနေလျှင် Mask ပင်ချွတ်လို့ရ သည်ဟူ၍ နောက်ပိုင်းတွင် Recommendation ထပ်ပြောကြောင်း၊ ကာကွယ် ဆေးထိုးခြင်းမှာ အင်မတန်မှအကျိုးရှိသည့်ကိစ္စဖြစ်သည့်အတွက်

ကြောင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး ကိုယ့်အတွက် ရသည့်ဆေးမှာ အကောင်းဆုံးဆေး ဖြစ်ကြောင်း လက်ခံပြီးထိုးဖို့လိုအပ်ကြောင်း။ ။

 

ရောဂါထိန်းချုပ်သည့် အပိုင်းသည်လည်း အလွန်အရေးကြီးကြောင်း၊ အနံ့ပျောက်စင်တာများ ခွဲထားခြင်း၊ Quarantine ထားခြင်းများမှာ အလွန် အရေးကြီးကြောင်း၊ Stay at home ဆိုသည်မှာလည်း အင်မတန်ထိရောက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Stay at home ဆိုသည်မှာ နိုင်ငံတကာမှာ Lockdown လုပ်သည်နှင့်မတူကြောင်း၊ Stay at home တွင် မည်သည့်မြို့နယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာ စာများ တွေ့မည်ဖြစ်ကြောင်း၊ မနေ့က သတင်းမှာလည်းပါကြောင်း၊ ယခင်က တစ်မြို့နယ်၊ နှစ်မြို့နယ်သာ ပါဝင်ပြီး သို့သော် နောက်ပိုင်းတွင် မည်သည့်ကိစ္စမပါဆိုသည်မှာ တစ်နည်း အားဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လုပ်ငန်းကိုင်ငန်း များ ကျပ်တည်းသွား မည်စိုးသည့်အတွက်ကြောင့် ယင်းသို့ဖြေလျှော့ပြီး တစ်ပြိုင်နက်တည်း ထုတ်ပြန် ပြီးဖြစ် ကြောင်း၊ ယင်းသို့ စည်းမျဉ်း၊ စည်းကမ်းများ ထွက်လာသည့်အခါတွင် တိတိကျကျ လိုက်နာ ရန်မှာ အဓိကကျကြောင်း၊ ထိုမှသာလျှင် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း၊ ပထမလှိုင်းတွင် ဖြစ်ပွားမှုအနည်း ဆုံးနှင့် နိုင်ငံတကာမှ အံ့သြချီးကျူးရသည့်အနေ အထားဖြစ်ကြောင်း၊ ရန်ကုန်မြို့ပေါ်တွင် ရန်ကုန်မြို့ ကြီးက ခြောက်ကပ်ပြီး လူများရှင်းသွားသည့်အနေ အထား ဖြစ်ပြီး သင်္ကြန်တွင်းကာလနှင့် တိုက်ဆိုင်ကြောင်း၊ ယင်းအချိန်တွင် First wave သိပ်မဖြစ် ကြောင်း၊ အကောင်းဆုံးအနေအထားနှင့် ကျော်လွှား နိုင်ကြောင်း၊ Second wave တွင်နည်းနည်းလိုက်နာမှုများ အားနည်းခြင်းနှင့် စစ်တွေဘက်မှ မျိုးပြောင်း သည့်ပိုးဝင်လာခြင်း ကြောင့် Second wave ကို တော်တော်ရင်ဆိုင်ရကြောင်း၊ ရောဂါဖြစ်ပွားမှု ကြာလာသည့် အခါတွင် လိုက်နာမှု အားနည်းလာ သည့်အခါတွင် ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ်မျိုး ပြောင်းကို ရင်ဆိုင်နေရကြောင်း၊ ကပ်ရောဂါဗေဒအရ ထောင်တက်နေသည့်အပိုင်းဖြစ်ကြောင်း၊ ထိုအရာ ကို မြန်မြန်ဦးကျိုးသွားစေရန် စည်းမျဉ်းစည်းကမ်း များ လိုက်နာရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းစီ ကာကွယ်ရန်လိုကြောင်း၊ ကာကွယ်ဆေးများ ရောက် ရှိလာသည့် အချိန်တွင် ကိုယ့်အတွက်ရရှိလာသည့်ဆေးအကောင်းဆုံးဆိုပြီး ထိုးနှံရန်လိုကြောင်း၊ နောက် တစ်ပိုင်းမှာ ကုသသည့်အပိုင်းဖြစ်ပြီး ကာကွယ် သည့်အပိုင်းနှင့် ထိန်းချုပ်သည့်အပိုင်းကောင်းလျှင် ကုသသည့်အပိုင်းတွင် ဝင်လာသည့်အခါ နည်းသွား မည်ဖြစ်ကြောင်း၊ ယင်းသို့ဆိုလျှင် system နိုင်သည့် ပမာဏဆိုလျှင် ကောင်းကောင်းစီမံခန့်ခွဲလုပ်နိုင် မည်ဖြစ်ပြီး ကာကွယ်သည့်အပိုင်း၊ ထိန်းချုပ်သည့် အပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကိုယ်စီကိုယ်စီ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန်မှာ အင်မတန်  အရေးကြီးကြောင်း ပြောကြားသည်။

 

သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲ မတက်ရောက်ဖြစ်သည်မှာ သုံးကြိမ်အထိရှိပြီဖြစ်ပါကြောင်း၊ မေးခွန်း နှစ်ခုခန့်မေးမြန်းလိုပါကြောင်း၊ ပထမမေးခွန်း အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းခရီးစဉ်တွင် အင်တာဗျူးများပြုလုပ်ခဲ့ ပါကြောင်း၊ အလွန်စိတ်ဝင် စားစရာအကြောင်းများ သိရှိခဲ့ရပါကြောင်း၊ မိမိ အနေဖြင့် အကြောင်းအရာနှစ်ပိုင်းပြောလိုပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူပြီးသည့်အချိန်မှစ၍ ဒုတိယ အကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ပြည်ပခရီးစဉ်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ထိပ်သီးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေ

ဖြင့် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့သည်မှာ မိမိတို့နိုင်ငံ အနေဖြင့်ရော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေဖြင့်ရော ဂုဏ်ယူစရာကောင်းကြောင်း၊ ဒုတိယအချက် အနေဖြင့် ရုရှားနိုင်ငံ၏မီဒီယာတစ်ခု ဖြစ်သော RIA သတင်းဌာနမှ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်တာဗျူးမှာ ပြန်လည်ဖြေကြားရာတွင် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ကို နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်၍ရယူခဲ့သည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးက ရှင်းပြပေးခဲ့ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုသည့်ရာထူးကို တီထွင်ဖန်တီးရုံသာမက နိုင်ငံတော်၏ အင်္ဂါစဉ်ဖြစ်သော protocol မှာလည်း သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦးကြားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အင်္ဂါစဉ်ကိုနံပါတ် ၂ နေရာတွင် ထည့်သွင်းထားခဲ့သည်ကို ကြားသိရပါကြောင်း၊ ၎င်း ကိစ္စကို သိလိုသည်မှာ သူရိယနေဝန်းဂျာနယ်အနေဖြင့် ယင်းကိစ္စကို၂၀၁၆-၂၀၁၇တွင်နိုင်ငံတော်၏ အတိုင်ပင်ခံ ရာထူးကို တီထွင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီးထောင်ထဲရောက်မသွားအောင် သိုသို သိပ်သိပ် ရေးသားဝေဖန်ထောက်ပြခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဘဲ ၎င်းရာထူးကို ဖန်တီးလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတစ်ယောက် အတွက်သာ ထိုရာထူးရှိခဲ့၍ အများပြည်သူက ကြည်ဖြူသည်က တစ်ပိုင်းဖြစ်ကြောင်း၊ သို့သော်၎င်း၏အာဏာကုန်သွားသည့်အချိန် ရောက်လာမှာမလွဲပါကြောင်း၊ နောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်မညီဘဲ တက်လာမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို ၎င်းရာထူးကိုရယူပါကတိုင်းပြည်အတွက် အန္တရာယ် ရှိနိုင်ကြောင်း၊ အထူးသဖြင့် သမ္မတနှင့် ဒုတိယသမ္မတ ကြားတွင် နံပါတ်၂ အင်္ဂါစဉ်ထည့်သွားသည့်ကိစ္စသည် အလွန်အန္တရာယ်ရှိသည်ကို သူရိယနေ၀န်းဂျာနယ် အနေဖြင့် ထောက်ပြရေးသားခဲ့ကြောင်း၊ မိမိသိလို သည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အင်တာ ဗျူးတွင် ပြောကြားခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို နိုင်ငံတော် ပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့သည့်အချက်နှင့် အင်္ဂါစဉ် ကွာဟနေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိခြင်း၊ မရှိခြင်းနှင့် မည်ကဲ့သို့ အရေးယူသွားမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

 

ပုဒ်မ ၅၉ (စ)ကို ချိုးဖောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ၎င်းသတင်းဌာန မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးကို ဥပဒေနှင့်မညီဘဲ ရယူထား သည်ကို သိပါကြောင်း၊ တပ်မတော်နှင့် နိုင်ငံရေးပါတီ အချို့ ထောက်ပြခဲ့သည်ကိုသိကြောင်း၊ တပ်မတော် အနေဖြင့် မည်သို့ပြန်လည်ပြောကြားလိုသည်ကို သိလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကအဓိကအချက်အနေဖြင့် နိုင်ငံတော်၏အတိုင် ပင်ခံရာထူးနှင့်ပတ်သက်၍ ၎င်းတို့သည် ပုဒ်မတစ်ခု ကို အကြောင်းပြ ယူခဲ့ကြောင်း၊ အခြေခံဥပဒေပုဒ်မ ၂၁၇ တွင်ပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့် ကျင်သော ပြည်ထောင်စုအုပ်ချုပ်မှုအာဏာသည်သမ္မတတွင်သာရှိသည်ကို ရေးသားထား ကြောင်း၊ ၎င်းစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်က အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ် ကိုလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးကိုလည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မှတ်ယူခြင်းမရှိစေရ ဆိုသော အကြောင်းအရာများ ရေးသား ထားကြောင်း၊ ၎င်းတို့သည် ယင်းအပိုဒ်ကို သာယူလိုက်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့ အစည်း တစ်ယောက်ယောက်၊ လူ ပုဂ္ဂိုလ်တစ်ဦးဦး သော်လည်းကောင်း တာဝန်ပေးအပ် ခွင့်ရသည်ဆိုသည့်သဘောကို ကောက်ချက်ဆွဲခဲ့ကြောင်း၊ သို့သော် ရှေ့နောက် ဆက်စပ်မှုမရှိကြောင်း၊ ( ဥပဒေတွင် လိုချင်သည့်အကြောင်းအရာတစ်ခုတည်းကို ဆွဲထုတ်၍ မရကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းပုဂ္ဂိုလ်ကို အပ်နှင်းထားသည့်အခါ

တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟု မှတ်ယူခြင်း မရှိစေရ ဆိုသည့် ကန့်သတ်ချက်များပါရှိကြောင်း၊ ၎င်း ကန့်သတ်ချက်များကိုဖယ်ရှားပြီး အလယ်စာကြောင်း သာ ယူသုံးခဲ့ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦး၊ အာဏာပိုင် အဖွဲ့ အစည်းတစ်ခုခုကို တာဝန်ပေးလို့ရသည်ဆို သည်ကို သုံးစွဲခဲ့ကြောင်း၊ ဥပဒေနှင့်မညီသည်ကို ကန့်ကွက်ခဲ့ကြောင်း၊ အများစုမဲဖြင့် ယင်းဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဓိကဆိုလိုသည်မှာ ယင်းဥပဒေ ပြဋ္ဌာန်းချက်နှင့်ပတ်သက်ပြီး အရေးမကြီးကြောင်း၊ ၎င်းဥပဒေတွင် အခန်း ၅ ခန်းပါရှိကြောင်း၊ အခန်း ၁ ခန်းတွင် စာကြောင်းရေ ၁၀ ကြောင်း၊ ၁၅ကြောင်းထက်မပိုကြောင်း၊ ရည်ရွယ်ချက်နှင့် လုပ်ပိုင် ခွင့်များပါကြောင်း၊ ပြဋ္ဌာန်းလိုက်ပြီးနောက် နိုင်ငံတော်ပြန်တမ်းပါထုတ်ကြောင်း၊ ၎င်းပြန်တမ်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ရာထူးသည် သမ္မတ နှင့် ဒုသမ္မတကြားတွင်ရှိသည်ဟု protocol တွင် ထည့်သွင်းခဲ့ကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ချိုးဖောက်ရာရောက်ကြောင်း၊ အခြေခံဥပဒေပုဒ်မ ၅၉ တွင် သီးခြားပြဋ္ဌာန်းထားကြောင်း၊ သမ္မတနှင့် ဒုသမ္မတ၏အရည်အချင်းကို ပြဋ္ဌာန်းထားသော အချက်များရှိကြောင်း၊ ကမှ ဆအထိ အပိုဒ်ခုနှစ် ပိုဒ်ရှိကြောင်း၊ ၎င်းခုနှစ်ပိုဒ်ထဲတွင် ၅၉(စ)ပါရှိကြောင်း၊ ၅၉(စ)တွင် သမ္မတနှင့် ဒုသမ္မတသည် မိမိ၏ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ကန့်သတ်ထားကြောင်း၊ ၎င်းဥပဒေပုဒ်မကို ကျော်လွန်၍မရကြောင်း၊ ဥပဒေအရ အငြင်းပွားမှုများရှိကြောင်း၊ ပထမအဆင့် အနေဖြင့် ပုဒ်မ ၂၁၇ အရ မိမိလိုရာကိုဆွဲယူ၍ အများ စုဆန္ဒဖြင့်ပြုလုပ်ခဲ့ကြောင်း၊ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုအနေဖြင့် သမ္မတနှင့်ဒုသမ္မတကြား protocol ဝင်လိုက်ခြင်းဖြင့် ကန့်သတ်ထား သည့် ပုဒ်မ ၅၉(စ)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

သူရိယနေ၀န်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ဒုတိယမေးခွန်း မေးမြန်းလိုပါကြောင်း၊ ဗိုလ်ချုပ် တို့ပြသခဲ့သည့် ABSDFလက်ကျန်ခွဲထွက် ခင်ကျော်၏ ဖွင့်ဟဝန်ခံချက်နှင့်ပတ်သက်ပြီး မိမိသိခဲ့သည်ကို ရှင်းပြလိုကြောင်း၊ ABSDF အဖွဲ့ အစည်းကို စတင် ဖွဲ့စည်းခဲ့သည်မှာ ကျောင်းသားသမဂ္ဂမှ မိုးသီးဇွန် နှင့်မင်းကိုနိုင်တို့ လမ်းသုံးသွယ်ခွဲပြီး ကျောင်းသား တပ်မတော်ထူထောင်ရန် ကြိုးစားခဲ့ကြောင်း၊ နဝတ မှ ၁၈ ရက်နေ့တွင် အာဏာသိမ်းသည့်အခါ ထိုင်း နယ်စပ်ကို ထွက်ခွာခဲ့ကြောင်း၊ မိမိနှင့် မိုးသီးဇွန် ကတစ်ဖွဲ့၊ ဝင်းမိုးနှင့်အောင်နိုင်က တစ်ဖွဲ့ဖြစ်ကြောင်း၊ ဝင်းမိုးနှင့်အောင်နိုင်က ထိုင်းနိုင်ငံကို ရောက်ရှိသွား ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်ဈာပန ကျောင်းသား ခေါင်းဆောင် ထွန်းအောင်ကျော်က အရင်ရောက်နေ ကြောင်း၊ မိမိနှင့်မိုးသီးဇွန်မှာ မရောက်ခဲ့ကြောင်း ထို့ကြောင့်မိမိတို့ကလူ့ဘောင်နှင့်ဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဝင်းမိုးနှင့် အောင်နိုင်တို့က ထွန်းအောင်ကျော်ကို ဥက္ကဋ္ဌရွေးပြီး မမျှော်လင့်ဘဲ ဥက္ကဋ္ဌဖြစ်လာကြောင်း၊ ထိုမှစ၍ ABSDF ကို စတင်ထူထောင် ခဲ့ကြောင်း၊ အစမှာပင် ပြဿနာဖြစ်ခဲ့ကြောင်း၊ ABSDF ဆိုသည့်ကျောင်းသား တပ်မတော်သည် ကမ္ဘာ့ပထမဆုံး ကျောင်းသားတပ်မတော်ဟူ၍ ဂုဏ်ယူခဲ့ကြောင်း၊ သို့သော် ထိုစဉ် ကခေါင်းဆောင်ခဲ့သည့် ကျောင်းသားများသည် တက္ကသိုလ်ကျောင်းသားများသာဖြစ်ကြောင်း၊ နိုင်ငံရေးအသိရှိသော လူများသာဖြစ်ကြောင်း၊ ABSDF အဖွဲ့ သည်၎င်းအချိန်က နိုင်ငံရေးပုံသဏ္ဌာန်ရှိကြောင်း၊ မိမိတို့အဖွဲ့သည် KNU လက်အောက်ခံ မဖြစ်ခဲ့ကြောင်း၊ မိုးသီးဇွန်တို့သည် KNU လက်အောက်မှ ရုန်းထွက်သည့်အခါ တနင်္သာရီဘက်ကို တပ် မည်ဆိုပြီးသွားသည့်အခါ အကုန်လုံးအဖမ်းခံခဲ့ရပြီးသေဒဏ်ပေးခံရကြောင်း၊ အသတ်မခံရ ဘဲပြန်လွှတ် ပေးခဲ့ကြောင်း၊ ကျောင်းသားတပ်မတော်တောင် မအောင်မြင်ခဲ့ပါကြောင်း၊ မြောက်ပိုင်းပါဂျောင်တွင်လူသတ်ပွဲလုပ်ခဲ့သည့် သံချောင်းတို့ကဲ့သို့ ရပ်ကွက် လူမိုက်ဆန်ဆန် ကျောင်းသားတပ်မတော် ဆိုင်းဘုတ် ကြီးရောက်ရှိခဲ့ရကြောင်း၊ ၁၉၉၂ခုနှစ်တွင် နိုင်အောင်အဖွဲ့ နှင့် မိုးသီးဇွန်အဖွဲ့ နှစ်ဖွဲ့ကွဲခဲ့ကြောင်း၊ ခင်ကျော်က နိုင်အောင်အဖွဲ့ တွင်ပါခဲ့ကြောင်း၊ မိုးသီးဇွန်လည်း ရပ်တည်၍မရတော့ကြောင်း၊ KNU နှင့် ပြေလည်သည့် ရခိုင်သန်းဝင်းတို့၊ နိုင်အောင်တို့ အာဏာရလာကြောင်း၊ ကျောင်းသားတပ်မတော်မှ KNU လက် အောက်ခံဖြစ်ခဲ့ရကြောင်း၊ ၂၀၀၁ ခုနှစ်တွင် မိုးသီးဇွန် လည်း အမေရိကသို့ ခိုလှုံသွားကြောင်း၊ နှစ်ဖက်စလုံး သဘောတူမည့်သံခဲကိုချပြီး ABSDF ဆိုင်းဘုတ် ကြီးကိုထားခဲ့ရကြောင်း၊ သံခဲနှင့် မျိုးဝင်းက ကျောင်း သားများဖြစ်သည့်အတွက် နိုင်ငံရေးအမြင်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်က ဦးအောင်သောင်းနှင့်တွေ့ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ဦးအောင်မင်းနှင့် တွေ့ခဲ့ကြောင်း၊ MBC နှင့်တွေ့ပြီး ၂၀၁၅ ခုနှစ်မှာ KNU နှင့်အတူ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် NCA ထိုးနိုင်ခဲ့ ကြောင်း၊ ၈ ဖွဲ့ မြောက်တွင် ABSDF အဖွဲ့ ပါလာခဲ့ကြောင်း၊ ခင်ကျော်သည် မြောက်ပိုင်းပါဂျောင်တွင် ကျောင်းသားတစ်ရာကျော်ကို နုဝတသူလျှိုအဖြစ် စွပ်စွဲခံရကြောင်း၊ လက်ရှိ PDF အဖွဲ့သည်လည်း ယင်းပုံစံမျိုးဖြစ်လာနိုင်ကြောင်း၊ သံချောင်းသည် လူမိုက်ဖြစ်ပြီး ကျောင်းသားလည်းမဟုတ်ကြောင်း၊ KIA နှင့်အဆင်ပြေ၍ ခေါင်းဆောင်ဖြစ်လာကြောင်း၊ သံချောင်းက နဝတသူလျှိုဆိုပြီး လူတစ်ရာကျော်ကို စွပ်စွဲကာ သုံးဆယ့်ငါးဦးကိုဖမ်းပြီး ရှစ်ဆယ်ကျော်ထိန်းသိမ်းခဲ့ကြောင်း၊ သုံးဆယ့်ငါးဦးကို သတ်မည် လုပ်ပြီး လူနှစ်ဆယ်ကျော်ကို လူမဆန်စွာ ရိုက်နှက် ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ပါဂျောင်လူသတ်ပွဲ

ကြောင့် ABSDF Image ကျဆင်းခဲ့ရကြောင်း၊ ဖြုတ်၊ ထုတ်၊ သတ်တွင် ကျန်ခဲ့သည့် ခင်ကျော်တို့က NCAလက်မှတ်ထိုးသည့်ကိစ္စကို သဘောမတူဘဲ KNU တပ်မဟာ(၅) နယ်မြေ ဝေါလေကို ထွက်ပြေးခဲ့ကြောင်း၊ ၎င်းတို့သည် ယခုလိုကာလမျိုးကို စောင့်နေ ခြင်းဖြစ်ကြောင်း၊ ကြောင်ခံတွင်းပျက်နှင့် ဆက်ရက် တောင်ပံကျိုးဆိုသလို ဖြစ်သွားကြောင်း၊ ခင်ကျော် တို့တပ်မဟာ(၅)အဖွဲ့သည် ကြောင်ခံတွင်းပျက်များ ဖြစ်ကြောင်း၊ PDF အဖွဲ့သည် ကျောင်းသား အယောင် ဆောင်များဖြစ်ပြီး ရပ်ကွက်လူမိုက်များ၊ ဆက်ရက် တောင်ပံကျိုးများသာဖြစ်ကြောင်း၊ ခင်ကျော်က အကြမ်းဖက်ဗုံးခွဲသည့်နည်းများကို သင်တန်းပို့ချပေး ကြောင်း၊ မိမိအနေဖြင့် ခင်ကျော်ကိုရှုတ်ချခြင်းမဟုတ်ကြောင်း၊ နိုင်ငံရေးသဏ္ဌာန်မရှိကြောင်း၊ ဗိုလ်ချုပ်တို့ ပြသခဲ့သည့် video clip များကိုကြည့်သည့်အခါ အကုန်နောင်တရနေကြောင်း၊ ဖမ်းမိသွားမှ နောင်တရ နေကြောင်း၊ ပြတ်ပြတ်သားသားအရေးယူ သင့်ကြောင်း၊ ယခု Gen-Zများ၊ ကျောင်းသား လေးများနောင်တရသည်ဆိုသည်ကို လက်ခံပါကြောင်း၊ ဒီနေ့ ဒီအချိန်ကို အခွင့်ကောင်း ယူရန်စောင့်နေသည့် ခင်ကျော်ကဲ့သို့၊ သေဆုံးသွားသည့် သံချောင်းတို့ကဲ့သို့ ပုဂ္ဂိုလ်များက “ကျွန်တော်တို့ နောင်တရသွားပါပြီ။ မှားခဲ့ပါတယ်” ဆိုသည်မှာ ဖမ်းမိသွား၍ပြောခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်သမားဖြစ်သည့်ရန်သူနှင့် အလင်းဝင်လာသည့်သူများကို ခေါင်းစဉ် ခွဲခြားပြီး စိစစ်ရန်လိုအပ်ကြောင်း၊ ခင်ကျော်တို့ကဲ့သို့ အကြမ်း ဖက်သမားများ၊ ABSDF လက်ကျန်ခွဲထွက် အကြမ်းဖက်သမားများ တောထဲ၌ များစွာကျန်နေဦး မည်ဖြစ်ကြောင်း၊ ဒုတိယခင်ကျော်၊ ဒုတိယသံချောင်း တို့၊ ဒုတိယထွန်းတောက်နိုင်တို့ ထပ်လာဦးမည် ဖြစ်ကြောင်း၊ မိခဲ့လျှင်လည်း “ ကျွန်တော်တို့မှားပါပြီ” ဟု ပြောဦးမည်ဖြစ်သည့်အတွက် ယင်းနှင့်ပတ်သက် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သို့မူဝါဒချမှတ်ပြီး ဆောင်ရွက်သွား မည်ကို ရှင်းရှင်းလင်းလင်းသိလိုပါကြောင်း မေးမြန်းသည်။

 

နောင်တရနေသည့်အဖွဲ့များရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို သမိုင်း ကြောင်းနှင့်ချီပြီး ရှင်းပြသည့်အတွက် ပိုပြီးပြည့်စုံပါ ကြောင်း၊ ဦးမိုးဟိန်းတို့အနေဖြင့်လည်း ၁၉၈၈ အရေး အခင်းကတည်းက ဗကပတွင် မိုးသီးဇွန်တို့၊ ကိုကိုကြီး တို့နှင့် တွဲလုပ်ခဲ့သည့်လူများဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများ၊ ABSDF နှင့် ထဲထဲဝင်ဝင်လုပ်ခဲ့သည့်လူ များဖြစ်သည့်အတွက် ပိုပြီးသိပါကြောင်း၊ ယခုပြသ သွားသည့် အချို့ video file များတွင် နောက်ကလိုက် လုပ်နေသည့်သူတစ်ယောက်မှ မပါပါကြောင်း၊ ခေါင်းဆောင်များသာဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်း မိသည့်လူများထဲတွင် လှုံ့ဆော်သည့်သူများမပါဘဲ နှင့် အမှန်တကယ် နောက်ကလိုက်လုပ်နေကြသူများ ရှိကြောင်း၊ ၎င်းတို့ကို စစ်ဆေးမေးမြန်းသည့်အခါတွင် လည်း အချိန်ကိုငဲ့ကွက်သောအားဖြင့် မိမိတို့စစ်ဆေး မေးမြန်းမှုများကို အစုံမပြသပါကြောင်း၊ အချို့က အမှန်တကယ်ခင်တရနေသည့်အဖွဲ့များရှိကြောင်း၊ကျောင်းသားအမည်ခံလုပ်နေသည့်သူများပါကြောင်း၊ ဦးမိုးဟိန်းထောက်ပြသွားသည့်အချက်လည်း တန်ဖိုး ရှိပါကြောင်း၊ ထို့အပြင် ငွေကြေးရသဖြင့် လုပ်ဆောင် သည့်အဖွဲ့ များလည်းရှိကြောင်း၊ သာမန်အားဖြင့် ဗုံးခွဲသည် ဆိုသည့် သူများကို ဖမ်းမိလိုက်သည့်အခါ အများအားဖြင့် လက်လုပ်လက်စားများဖြစ်ကြ ကြောင်း၊ ခိုင်းသည့်လူများတွင် ဒုတိယအဆင့်ခိုင်း သည့်လူ၊ တတိယအဆင့်ခိုင်းသည့်လူ စသည်ဖြင့် ရှိကြောင်း၊ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ထောက်ပံ့ပေးမှုတစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် အဆင့်ဆင့်ခေါင်းပုံဖြတ်သွားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့ရရှိထားသည်ဆိုသည့် ဒေါ်လာ ကိုးသန်းလိုကိစ္စမျိုးရှိကြောင်း၊ ဦးမိုးဟိန်း ပြောသွားသည့်အထဲတွင် ယင်းတို့နှင့်ပတ်သက်ပြီး သွားရောက်တွေ့ဆုံသည့်အခါ ၎င်းတို့၏ လိုလို လားလား ပြောပြချက်များဖြစ်ကြောင်း၊ ပုံများတွင်လည်း ကြည့်လျှင်တွေ့နိုင်ပါကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးစရာအကြောင်းလည်း မရှိပါကြောင်း၊ အချို့ကလည်း မိပြီးမှနောင်တရကြောင်း ပြောဆိုမှု များလည်းရှိကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ကျူးလွန်ခဲ့သည့် ပြစ်မှုများ၊ ဆောင်ရွက်ချက်များ၊ လုပ်ဆောင်မှုများ အပေါ်မူတည်ပြီး ဥပဒေအရဆောင်ရွက်သွားမည်ဟု သာပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)