နေပြည်တော်၊ ဇူလိုင် ၁၆
နိုင်ငံတော်မှ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘဝမြင့်မား တိုးတက် စေရေး အထောက်အကူပြုနိုင်ရန်အတွက် လျှပ်စစ်မီးလုံလောက်စွာရရှိစေရေး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီတာခပေးသွင်းနိုင ်ရေးအတွက် နှိုးဆော်ဆောင်ရွက်ကောက်ခံလျက်ရှိရာ အကြမ်းဖက်အစွန်းရောက်သမားများ အနေဖြင့် နိုင်ငံတော်မှ အခွန်အခများ မရရှိနိုင်စေရေး အတွက် လျှပ်စစ်ရုံးများနှင့် မီတာခ ငွေပေးဆောင်သည့် တာဝန်သိ ပြည်သူများအား ရည်ရွယ် ချက်ရှိရှိဖြင့် ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုများ လတ်တလော ကာလတွင် ပိုမိုတိုး မြှင့်ဆောင်လုပ်ဆောင် လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းအကြားရှိ မြို့နယ်လျှပ်စစ်ရုံး၌ ပြည်သူလူထု ၃၀ ဦးခန့် မီတာဆောင်ရန်စောင့်ဆိုင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မီတာဆောင်သည့် ကောင်တာအနီး ရပ်တန့်ထားသည့် Yinxing အမျိုးအစားဆိုင်ကယ်အတွင်းမှ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်မီတာရုံး အဆောက်အဦ အမိုးလန်ပျက်စီးခဲ့ပြီး လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသား ၃ ဦး(၁ ဦးစိုးရိမ်ရ)နှင့် အမျိုးသမီး ၄ ဦး(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး မီတာခဆောင်ရန် ရောက်ရှိနေသည့် ပြည်သူ အမျိုးသား(၂)ဉီး( ၁ ဉီး စိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဉီး (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပါတ်သက်၍ ရုံးတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအား ကြည့်ရှု့စစ်ဆေးခဲ့ရာ နံနက် ၉ နာရီ ၂၃ မိနစ်အချိန်တွင် အင်္ကျီအဝါရောင်လက်ရှည်နှင့် ဂျင်းဘောင်းဘီ နက်ပြာရောင်တွဲ၍ ဝတ်ဆင်ထားပြီး ပန်းရောင်ပိုက်ဆံအိတ်အားလွယ်ထားသည့် အမျိုးသမီး ၁ ဦးသည် အဆိုပါရုံးအတွင်းသို့ Yinxing အမျိုးအစား မော်တော်ဆိုင်ကယ်အား မောင်နှင်ရောက်ရှိလာပြီး အဆိုပါဆိုင်ကယ်အား မီတာဆောင်သည့် ကောင်တာအနီး၌ ရပ်တန့်ထားခဲ့ကာ ရုံးအပြင်ဘက်သို့ လမ်းလျှောက်ထွက်ခွာသွားခဲ့ပြီး နံနက် ၉ နာရီခွဲအချိန်တွင် အမျိုးသား ၁ ဦးက ဆိုင်ကယ်တစ်စီး ဖြင့် ရောက်ရှိလာပြီး ၎င်းအမျိုးသမီးအား ခေါ်ဆောင်သွား ခဲ့ပြီး၎င်းအမျိုးသမီး ထွက်ခွာသွားပြီး ၁၀ မိနစ်ခန့်အကြာတွင် ၎င်းရပ်တန့်ထားခဲ့သည့် ဆိုင်ကယ်အတွင်းရှိ အဖြူရောင် keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ဖြစ်စဉ်တွင် မီတာခဆောင်ရန်ရောက်ရှိနေသည့် အပြစ်မဲ့အရပ်သား ပြည်သူလူထုများနှင့် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော လျှပ်စစ်ရုံးဝန်ထမ်းများ၏ အသက်အန္တရာယ် ထိခိုက် အောင် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်အစွန်းရောက် ဝါဒကို အခြေခံကာ အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီး ရေးပြုလုပ်ခဲ့သူများနှင့် ပူးပေါင်းပါဝင်ပတ်သက် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းနှင့် တာဝန်သိ မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ အကြမ်းဖက် လုပ်ဆောင်ခဲ့သူ များအား မိမိတို့ ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် တွေ့ရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ သတင်းပေးပို့နိုင်ပါရန် နှိုးဆော်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်