မန္တလေး ဇူလိုင် ၁၆
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူများကို လက်ခံ ကုသပေးလျက်ရှိကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးထံမှ သိရသည်။
“မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ကိုဗစ်ရောဂါ သည်တွေကို လက်ခံပြီးတော့ ကုသပေးနေပါတယ်။ ကိုဗစ်ရောဂါ ကုသတဲ့နေရာမှာ ဆေးရုံမှာ အဓိကအားဖြင့် Categories C လို့ ခေါ်တဲ့ အဆိုးဆုံး အပြင်းထန်ဆုံးအဆင့် အနီးကပ်ပြုစုရမယ်။ အသက်ကယ်တဲ့လုပ်ငန်းတွေ လုပ်ရမယ်။ နောက် အောက်စီဂျင် အဆက်မပြတ်ပေးဖို့လိုတဲ့ လူနာတွေကို လက်ခံပြီး ကုသပေးနေပါတယ်။ ဆေးရုံကြီးကို ကိုဗစ်လူနာ ဝင်တဲ့လမ်းကြောင်းက နှစ်ခုရှိပါတယ်။ ဆေးရုံလာပြီး ပြတဲ့အခါမှာ ဆရာဝန် တွေကစိစစ်ပြီး ဒါက သံသယလူနာဖြစ်တယ်လို့ သတ်မှတ်လိုက်တယ်။ အဲဒီမှာ ရောဂါဗေဒဆရာဝန် ကြီးတွေနဲ့ စစ်ဆေးတဲ့အချိန် ကိုဗစ်ပိုးတွေ့ရင် ကိုဗစ် ကုသဆောင်ကို ပို့တယ်။ ကိုဗစ်ပိုးမတွေ့ရင် ပုံမှန် ကုသဆောင်ကို ပို့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူနာကတော့ အိမ်မှာ ဘယ်လိုမှ မနေနိုင်လောက် အောင် ခံစားရတယ်။ အသက်ရှူကျပ်တယ်။ မောတဲ့ လူနာဖြစ်တဲ့အတွက်ဆေးရုံ ကတော့ တင်ကို တင်ရမှာ ဖြစ်တဲ့အတွက်ကြောင့်ပိုးတွေ့ရင်ပိုးတွေ့ ကုသဆောင် ပိုးမတွေ့ရင်တော့ ပုံမှန် ကုသဆောင်မှာ ထားပြီးတော့ ကုသပေးရတာ ဖြစ်ပါတယ်”ဟု မန္တလေး အထွေထွေ ရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်က ပြောသည်။
ရောဂါခံရှိသူများဖြစ် မန္တလေးဆေးရုံကြီးတွင် အသက်ရှူကျပ်သော လူနာများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေး လျက်ရှိရာ တစ်နေ့လျှင် ပျမ်းမျှ ၂၀ မှ ၃၀ ဝန်းကျင် စစ်ဆေးပေးနေရပြီး လက်ရှိအနေအထားအရ အသက်ရှူကျပ်သော လူနာ ၁၀ ဦး စစ်ဆေးလျှင် ပိုးတွေ့သူ ခုနစ်ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအများစုမှာ အသက်အရွယ် ကြီးရင့် သူများဖြစ်ပြီး ရောဂါခံရှိသူများသာဖြစ်ကြောင်း သိရသည်။
“မန္တလေးဆေးရုံကြီးမှာလက်ရှိဝန်ထမ်းအင်အား အရရော အခြေအနေအရကြောင့် အနံ့ပျောက် လို့ပါဆိုပြီး လမ်းလျှောက်ဝင်လာနိုင်တဲ့ သူတွေကို ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးတာမျိုး မလုပ်ပေးနိုင် သေးပါဘူး။ ဘယ်လိုလူနာမျိုးကို အဓိကထားစစ်လဲ၊ လက်ခံပြီး ကုသပေးလဲဆိုရင် Categories C လို့ ခေါ်တဲ့ အသက်လုရမယ့်လူနာတွေကို လက်ခံပြီး မဖြစ်မနေ ဆေးရုံတက်ရမယ့် လူနာတွေထဲကမှ ကိုဗစ်လူနာကို ခွဲထုတ်တာဖြစ်တဲ့အတွက် အဲဒီ အမျိုးစားကိုပဲ ကုသတာဖြစ်ပါတယ်။ အဲဒီတော့ ဒီ Public ထဲကနေ အနံ့ပျောက်တယ်။ စိတ်ထဲမှာ သံသယရှိတယ်။ ကိုဗစ်ဖြစ်တဲ့သူနဲ့ ဆက်သွယ်မှု ရှိတယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဖွင့်ထားတဲ့ နဒီမြန်မာမှာဖွင့်ထားတဲ့ Test and careCentre ရှိပါတယ်။ အဲဒီကိုသွားပြီး စစ်ဆေးမှုခံယူကြရမှာ ဖြစ်ပါတယ်။ ဆရာတို့ကတော့ ဆေးရုံကို တင်ကုရမယ့် လူနာကိုပဲ စစ်တာဖြစ်တဲ့အတွက် အရေအတွက်ရယ်တော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ လူနာမှန်သမျှကို စစ်ဆေးပြီး ခွဲခြားပြီးတော့မှ ပိုးမရှိရင် သာမန်ကုသဆောင်၊ ပိုးရှိရင် ကိုဗစ်ကုသဆောင်ကို လွှဲတဲ့စနစ်နဲ့ စစ်ဆေးတာဖြစ်ပါတယ်”ဟု မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးက ပြောသည်။
စစ်ဆေးနိုင် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိကို ကန်တော်နဒီ ဆေးရုံ၊ နဒီမြန်မာဟိုတယ်ရှိ Test and Care Centre ac qoc3M9630:00:00 တွင် စွမ်းဆောင်နိုင်ရည်အရ တရားဝင်လိုင်စင်ချပေး ထားသော မြို့တော်ဆေးရုံ စသည့်နေရာများ တွင် စစ်ဆေးနိုင်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံများနှင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်လည်း စီစဉ်ထား ကြောင်း သိရသည်။
ထိပ်ထားနိုင်