Jan 08, 2020
ယနေ့ ၈ ဇန်နဝါရီ၊ ၂၀၂၀တွင် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ် နေပြည်တော်တွင် ကျင်းပခဲ့သည်။
Jan 07, 2020
ရန်ကုန် ဇန်နဝါရီ ၇
ပေါ်တူဂီနိုင်ငံအခြေစိုက် Vende-se Films မှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ အထင် ကရနေရာများ၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ၊ ရိုးရာယဉ်ကျေးမှုများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်ထိ ရိုက်ကူးခဲ့သည်။
Jan 07, 2020
ရန်ကုန် ဇန်နဝါရီ ၇
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် တင်ဆက်နိုင်ရန် တရုတ် နိုင်ငံ (China Central Television - CCTV)မှ ရိုက်ကူးရေးအဖွဲ့သည် ရန်ကုန်၊ မန္တလေးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့တွင် ဇန်နဝါရီ ၅ ရက်မှ စတင်ရိုက်ကူးလျက်ရှိသည်။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ ရွှေတိဂုံ၊ ဆူးလေနှင့် ဗိုလ်တထောင် စေတီတော်၊ မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင် တို့အား လည်းကောင်း၊ ဇန်နဝါရီ ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ ဟိုတယ်ဇုန်(၁)တွင် လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့သည်။
Jan 07, 2020
ရန်ကုန် ဇန်နဝါရီ ၇
နိုင်ငံတကာက မြန်မာ့ကျောက်မျက်ကို ဝယ်ယူရာတွင် ကုန်ချောထက် ကုန်ကြမ်း ကိုသာ စိတ်ဝင်စားပြီး ဝယ်ယူမှုပိုများကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ(၄) ဒေါ်မြင့်သက်နိုင် က ပြောသည်။
ကုန်ကြမ်းဝယ်ယူမှုများ
လက်ရှိ ကျောက်မျက်ရတနာအချောထည်များကို နိုင်ငံတကာက ဝယ်ယူနေ သော်လည်း ကျောက်မျက် ရတနာပြပွဲများတွင် ကျောက်မျက်ရတနာ ကုန်ကြမ်း စျေးကွက်ကိုသာ နိုင်ငံတကာက စိတ်ဝင်စားပြီး ကုန်ကြမ်းဝယ်ယူမှုများကြောင်း ၎င်းက ဆက်ပြောသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ် တစ်လုံး သာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ပြသရောင်းချခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက် ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသည် ယနေ့ ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ယနေ့ပြပွဲ ဆဋ္ဌမနေ့ ကျင်းပသည့် နံနက်ပိုင်းမှစ၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း တင်ဒါအောင်မြင်သူများစာရင်း စောင့်မျှော်သူများဖြင့် စည်ကား လျက်ရှိသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ ကျင်းပသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 07, 2020
ရန်ကုန် ဇန်နဝါရီ ၇
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျသဘာပတိနှင့် အဖွဲ့ဝင်များကလက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။
Jan 07, 2020
ဘားအံ ဇန်နဝါရီ ၇
အခြေခံပညာရေးကဏ္ဍ ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးပါဝင်သော ကရင်ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
ရေစကြိုမြို့နယ် ချစ်သူကျေးရွာနှင့် ညောင်ပင်ကျေးရွာ ကူးတို့ဆိပ် ဒီပသရဖူ ဇက်ရေယာဉ် ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချစ်သူကျေးရွာဆိပ်ကမ်း၌ ကျင်းပသည်။
Jan 07, 2020
လွိုင်ကော် ဇန်နဝါရီ ၇
Jan 07, 2020
လွိုင်ကော် ဇန်နဝါရီ ၇
သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၏ ဆဋ္ဌမအကြိမ်မြောက် ဘက်စုံ-သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်း အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 07, 2020
မူဆယ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို ယနေ့ နံနက်(၉)နာရီတွင် မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ စတင်လဲလှယ်ပေးပြီး လာရောက်လဲလှယ်သူများပြားကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ခရိုင်ဘဏ်ခွဲမှ သိရသည်။
Jan 07, 2020
မော်လမြိုင် ဇန်နဝါရီ ၇
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ပြည်နယ်ဂုဏ်ဆောင် ဆရာ/မနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။
ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်ပညားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Jan 07, 2020
နေပြည်တော ဇန်နဝါရီ ၇
ဥပဒေအရာရှိအဆင့်-၃မွမ်းမံသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
Jan 07, 2020
ကဗျာသည် ငြိမ့်ညောင်း၏။ လှပသော သံစဉ်လေးများပါဝင်၏။ အေးငြိမ်းစွာ လှုပ်ခတ်နေသည်။ ချစ်စရာ စာလုံးလေးများ စုစည်းထားပါ၏
စည်းလုံးမှုသည် နှစ်သက်စရာကောင်း၏။ ညီညွတ်မှုတွေပါဝင်နေ၏။ ပေါင်းစည်းမှုများ သက်ဝင်၏။ အင်အားပြည့်ဝနေ၏။
မြန်မာနိုင်ငံဟု ခေါ်ဝေါ်သော နယ်နိမိတ်မြေပုံလေးကပင် အချိုးကျလှပ နေ၏။ ကုန်း၊ ရေ၊ မြေ၊ တောတောင်ဆက်စပ်မှုဖြင့် ကာရံထားမှုကပင် အလှ တစ်ခုဖြစ်နေ၏။
ယဉ်ကျေးမှုတွင်လည်း သိမ်မွေ့မှု ဓလေ့ထုံးစံများဖြင့် အလှတွင် အယဉ် ဆင့်ထားပြန်၏။
ဘာသာတရားအဆုံးအမများကလည်း နှစ်လိုဖွယ်ဖြစ်အောင် တန်ဆာ ဆင်ထားပါသည်။
Jan 07, 2020
တောင်ကြီး ဇန်နဝါရီ ၇
ရှမ်းပြည်နယ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ အ.ထ.က(၅)၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က (၄)၊ အ.ထ.က (၇)၊ အ.ထ.က (၅)၊ အ.ထ.က (ရွှေညောင်)တို့ မှ ကျောင်းသား/ သူများက ဘင်ခရာ၊ ပန်းပွားအကများ ကပြကြသည်။