Skip to main content

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် မတ် ၂၆

နိုင်ငံတစ်ဝန်းရေကြောင်းဖြင့် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုရန်ကုန်မြို့ ပို့ဆောင် မြန်မာ့ဆိပ်ကမ်း နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အာဏာ ပိုင်ရုံးချုပ်၌ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင်ကျင်းပသည်။ အစည်း အဝေးသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့မှ အရာရှိကြီးများ၊ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း၊ အပြည်ပြည်ဆိုင်ရ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း၊ ကုန်သွယ်ရေကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၊ မော်တော် ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးသူများ အသင်း၊ စားအုန်းဆီ တင်သွင်းရောင်းချသူများအသင်း၊ နိုင်ငံတကာ သဘောလိုင်းများ၊ ဆိပ်ကမ်း တံတားများ နှင့် ကုန်သေတ္တာစခန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။ ဝန်ဆောင်မှုများပေးလျက်ရှိ အစည်းအဝေးတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ကယနေ့အစည်း အဝေး၌ ဆိပ်ကမ်း လုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်တွေ့ကြုံနေရ သည်များကို ဆိပ်ကမ်းဝန်ဆောင်မှုများ သုံးစွဲသူ ကုန်သည်ကြီးများနှင့် ဆိပ်ကမ်းဝန်ဆောင်မှုများ ပေးသူ သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းတံတားများ အကြားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာ နိုင်ကြရန်နှင့် မိမိတို့ အစိုးရဌာန/အဖွဲ့ အစည်းများမှ လည်း လိုအပ်သည်များကို အမြန်ဆုံပံ့ပိုးဆောင်ရွက် ပေးနိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း ပြောကြား သည်။ ပုံမှန်အတိုင်း လည်ပတ် ဆက်လက်၍ညွှန်ကြားရေးမှူးချုပ် အကောက်ခွန်ဦးစီးဌာနက မိမိတို့ အကောက် ခွန်ဦးစီးဌာန အနေဖြင့် အကောက်ခွန်စည်းကြပ်ခြင်းနှင့် ရှင်းလင်း ခြင်းဆိုင်ရာလုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရှေ့လာမည့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက်ရှည် အတွင်း တွင်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင် ရွက်သွားမည်ဖြစ်၍ ကုန်သည်ကြီး များနှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆောင်ရွက် လိုသည်များကို မိမိတို့ထံ ဆက်သွယ်ညှိနှိုင်းဆောင် ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီး ဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးကလည်း ကုန်သည် ကြီးများနှင့် ဆိပ်ကမ်းဝန်ဆောင်မှု ပေးသူများအနေဖြင့် မိမိတို့ကော်မတီထံသို့ သတင်းအချက်အလက်များ မျှဝေပေး စေလိုပါ ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် အချိန်မရွေး တင်ပြအကူအညီ တောင်းခံနိုင်ပါ ကြောင်းနှင့် မိမိတို့ကော်မတီအနေဖြင့်လည်း အမြန်ဆုံးထိရောက်စွာ ပံ့ပိုးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တင်ပြဆွေးနွေး ထို့နောက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်း နှင့် ညီနောင်အသင်းအဖွဲ့များက ကုန်သေတ္တာဖြင့် ကုန်စည်တင်သွင်းခြင်းနှင့် တင်ပို့ ခြင်းတို့တွင် လက်ရှိတွေ့ကြုံနေရသည့် အခြေအနေ များ၊ ဖြေလျှော့ပေး စေလိုသည့် အချက်များ၊ ကုန်သေတ္တာထုတ်ယူခြင်း လုပ်ငန်းတွင် ကြုံတွေ့ ရသည့် ကြန့်ကြာမှု အချို့ကြောင့် ကုန်သေတ္တာ ဆိပ်ကမ်းမှ ထုတ်ယူမှု နှောင့်နှေးကြေးနှင့် ကုန်သေတ္တာအပ်နှံမှု နှင့်နှေးကြေးများ ပိုမိုကျခံ နေရသည့်အခြေအနေ၊ အထည်ချုပ်အော်ဒါများ လက်ခံနိုင်ရေးနှင့် အချိန်မီတင်ပို့နိုင်ရေးတို့အတွက် သင်္ဘောများ ဝင်ရောက်မည့် အချိန် ဇယားအား ကြိုတင်သိရှိလိုခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန် တင်ပို့ရန်အတွက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေ အနေများ၊ ပဲနှမ်းတင်ပို့ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ကုန်သေတ္တာဖြင့် မော်တော်ယာဉ်များတင်သွင်းရာတွင် တွေ့ကြုံ ရသည့်အခြေအနေများတို့ကို တင်ပြဆွေး နွေးခဲ့ပြီး နိုင်ငံတကာ သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းတံတား များ၊ ကုန်သေတ္တာစခန်းများက ၎င်းတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှု တစ်ခုချင်း သုံးသပ်ဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေး သွားမည့် အစီအစဉ်များ၊ ဆိပ်ကမ်းတံတားများတွင် ကုန်သေတ္တာများ စုပုံပြည့်ကျပ်ခြင်းမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးစေလိုသည်များကို ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နှင့် အကောက်ခွန်ဦးစီး ဌာနတို့မှ တာဝန်ရှိသူများက သုံးသပ်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ညှိနှိုင်းဆောင်ရွက်ကြစေလို ဆက်လက်၍ ဆိပ်ကမ်းသုံးစွဲသူ ကုန်သည်ကြီး များနှင့် ဝန်ဆောင်မှုပေးသည့် သင်္ဘောလိုင်းများ အကြား ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြစေလို ကြောင်း၊ သင်္ဘောလိုင်းများအနေဖြင့် ဆက်သွယ်မှု မြန်ဆန်ကောင်း မွန်အောင် ဆောင်ရွက်ထားကြ စေလိုပါကြောင်း၊ လိုအပ်ပါက မိမိတို့ အစိုးရဌာနအဖွဲ့ အစည်းများသို့ ချက်ချင်းတင်ပြ၍ အကူအညီ တောင်ခံကြစေလိုပါကြောင်း၊ ဆိပ်ကမ်းတံတားများနှင့် သဘောလိုင်းများ အနေဖြင့်လည်း ကုန်သေတ္တာ ဆိပ်ကမ်းမှထုတ်ယူမှု နှောင့်နှေးကြေးနှင့် ကုန်သေတ္တာအပ်နှံမှု နှောင့်နှေးကြေးများ ကောက်ခံ ကြရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ပြဋ္ဌာန်းပေးထား သည့်အတိုင်းသာ ကောက်ခံသွားကြစေလိုပါကြောင်း၊ အခမဲ့ ကင်းလွတ်ရက် (၇) ရက်ကိုလည်း သတ်မှတ် ထားသည့်အတိုင်းသာ ဆောင်ရွက်ပေးကြစေလိုပါ ကြောင်း၊ ဆိပ်ကမ်းတံတားများအတွင်း စုပုံနေသည့် ကုန်သေတ္တာများအား အမြန်ဆုံးထုတ်ယူနိုင်ရေး အတွက်ဌာနဆိုင်ရာများကလည်း ပံ့ပိုးပေးသွားမည် ဖြစ်၍ အမြန်ဆုံး ဆောင်ရွက်သွားကြစေ လိုပါကြောင်း၊ ဆိပ်ကမ်းတံတားများရှိ လေလံစာရင်းဝင် ကုန်သေတ္တာများအား လည်း အမြန်ဆုံးရှင်းလင်း ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း၊ ဝင်ရောက် လာမည့် သင်္ဘောများ၏ အချိန်ဇယားကိုလည်း မြန်မဆိပ်ကမ်းအာဏာပိုင် ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်အသိပေး ထုတ်ပြန်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းများလည်း ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်၍ ငွေပေးသွင်းခြင်း ကိစ္စရပ်များ လည်း အဆင်ပြေနေပြီဖြစ်ကြောင်းနှင့် ကုန်သေတ္တာ ဖြင့် မော်တော်ယာဉ်များတင်သွင်းရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက်လည်းအကောက်ခွန် ဦးစီးဌာနမှညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုက်အောင်ဝင်း