နေပြည်တော် မတ် ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူ များအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံ များတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၇၉၅၂ ဦး၊ အတွင်းလူနာ ၄၁ဝ၁ ဦးကို တပ်မတော်မှ ပါရဂူများ၊
ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင် ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေး သည့်အပြင် ဆေးရုံတက်လူနာများနှင့်လူနာစောင့်များနေထိုင် စားသောက်ရေးအဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများ အနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၅၄၂ ဦး၊ အသေး စားခွဲစိတ်ကုသရန်လိုအပ်သူ ၂၄၁၉ ဦး၊ စုစုပေါင်း ၆၉၆၁ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာ များကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက် အခဲဖြစ်နေသည့်မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီး | တွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၄၅၄ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၆၇၃ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ ခြင်းကြောင့် ယနေ့အထိ ကလေး ငယ် ၆၁၂၇ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ချီးမြှင့်ငွေများ ပေးအပ်
ယင်းသို့ ဒေသခံပြည်သူများ အား ဆေးကုသပေးနေမှုအခြေ အနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများ အတွက် စားသောက်ဖွယ်ရာများ နှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်